အချိန်ကိုမသိတဲ့မှတ်ဉာဏ်နဲ့
ပန်းဝတ်ရုံပေါ်မှာ ငါက
သုညထမ်းတဲ့ကောင်
လျှာတွေ အနက်ရောင်ပြောင်းခဲ့တာ
သိပ်မကြာသေးဘူး
မလိမ်ဖူးတဲ့လူတယောက်အတွက်
သော့တချောင်းပေးထားမယ်
ဆူဆူညံညံတွေကို
သပ်သပ်ရပ်ရပ်ဖွင့်ချလိုက်ရင်
မျက်မမြင်တကောင်ရဲ့ ငိုပွဲဟာ မိုးမခေါင်တော့ဘူး
မီးတတို့လောက်တောင်းတဲ့ခေတ်မဟုတ်တော့
ငါ့စကားဝှက်တွေ '' . " စိတ်ကူးတွေနဲ့ပြောက်ဆုံးသွားတယ်
ငါ့ကိုယ်ငါမုန်းတဲ့ညက
ဖားပြုတ်တွေ နှင်းဆီငတ်ကြ
အခြေမရှိတဲ့လေပြေတွေ လမ်းမကိုကျောသပ်
ငါ့ နှလုံးသားတွေ လေဖြတ်သွားပြီလား
ပြောကြဆိုကြတဲ့အထဲမှာ မိန်းမအကြောင်းမပါစေနဲ့
ဒီတောမှာ ဘယ်မိန်းမမှမရှိတော့ဘူး။
လက်ညှိုးထိုးပြီး ကျကွဲသွားတဲ့ ရယ်သံတွေထဲ
ဝေါဟာရတွေကို မိတ်ဆွေအဖြစ်မသုံးခဲ့ပါဘူး
တပွင့်ထဲသာ
ဒီတောထဲမှာလင်းကျန်နေတာ
ကြက်ခိုးတွေကြားက ငါ့ကြယ်ငိုကလေးရေ ...
အရာအားလုံးကို ကြွေကျသွားတဲ့ အသံတွေပါ
လာနားထောင် ...
ဒီရင်တွေ ဘယ်လောက်မှောင်နေလိုက်သလဲ
ဆာလောင်နေတဲ့ မုသားများကြားမှာ
ငါကချိုမြိန်တဲ့အမှား ...
တစ်ယောက်ယောက်ကြားအောင်များ
ငါဆွံ့အ ခဲ့လေသလား
ဆန့်ကျင်ဖက်ကိုထွက်ပြေးသွားတဲ့
စကားများက တုတ်နှောင်
ငါ့အသက်ရှုသံကို စိတ်တ္တဇလှောင်ပိတ်
အမှောင်ရိပ်မှ ငါပြန်လာခဲ့တယ် ... ။
nelay
1 comment:
ကဗျာကခံစားချက်နဲ့ရေးထားတာပဲ
ကောင်းတယ်
Post a Comment