Pages

Wednesday, March 24, 2010

စိတ္တဇ ဥယျာဉ်

 
  
စိတ္တဇ ဥယျာဉ် 


အချိန်ကိုမသိတဲ့မှတ်ဥာဏ်နဲ့
ပန်းဝတ်ရုံပေါ်မှာ ငါက
သုညထမ်းတဲ့ကောင်

လျှာတွေ အနက်ရောင်ပြောင်းခဲ့တာ
သိပ်မကြာသေးဘူး

မလိမ်ဖူးတဲ့လူတယောက်အတွက်
သော့တချောင်းပေးထားမယ်
ဆူဆူညံညံတွေကို
သပ်သပ်ရပ်ရပ်ဖွင့်ချလိုက်ရင်
မျက်မမြင်တကောင်ရဲ့ ငိုပွဲဟာ မိုးမခေါင်တော့ဘူး

မီးတတို့လောက်တောင်းတဲ့ခေတ်မဟုတ်တော့
ငါ့စကားဝှက်တွေ '' . " စိတ်ကူးတွေနဲ့ပြောက်ဆုံးသွားတယ်

ငါ့ကိုယ်ငါမုန်းတဲ့ညက
ဖားပြုတ်တွေ နှင်းဆီငတ်ကြ

အခြေမရှိတဲ့လေပြေတွေ လမ်းမကိုကျောသပ်
ငါ့ နှလုံးသားတွေ လေဖြတ်သွားပြီလား

ပြောကြဆိုကြတဲ့အထဲမှာ မိန်းမအကြောင်းမပါစေနဲ့
ဒီတောမှာ ဘယ်မိန်းမမှမရှိတော့ဘူး။

လက်ညှိုးထိုးပြီး ကျကွဲသွားတဲ့ ရယ်သံတွေထဲ
ဝေါဟာရတွေကို မိတ်ဆွေအဖြစ်မသုံးခဲ့ပါဘူး

တပွင့်ထဲသာ
ဒီတောထဲမှာလင်းကျန်နေတာ

ကြက်ခိုးတွေကြားက ငါ့ကြယ်ငိုကလေးရေ ...
အရာအားလုံးကို ကြွေကျသွားတဲ့ အသံတွေပါ

လာနားထောင် ...
ဒီရင်တွေ ဘယ်လောက်မှောင်နေလိုက်သလဲ

ဆာလောင်နေတဲ့ မုသားများကြားမှာ
ငါကချိုမြိန်တဲ့အမှား ...

တစ်ယောက်ယောက်ကြားအောင်များ
ငါဆွံ့အ ခဲ့လေသလား

ဆန့်ကျင်ဖက်ကိုထွက်ပြေးသွားတဲ့
စကားများက တုတ်နှောင်
ငါ့အသက်ရှုသံကို စိတ်တ္တဇလှောင်ပိတ်
အမှောင်ရိပ်မှ ငါပြန်လာခဲ့တယ် ... ။
 
 
 
nelay

1 comment:

Unknown said...

ကဗျာကခံစားချက်နဲ့ရေးထားတာပဲ
ကောင်းတယ်