အလွမ်းမင်ရုပ်
အိမ်ကိုပြန်ရောက်တော့
CHARLES
& KEITH ကို
ခရမ်းရင့်ရောင်
အလွမ်း ကော်ဇောပ်ါမှာတွေ့တယ်
အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း
မင်ကို
စိတ်နဲ့နာမ်
ရောပြီးထိုးထား
ရေချိုးခန်းထဲဝင်လိုက်တော့
အဖြူရောင်ဂါဝန်လေးက
အနက်ရောင်
ရေဗုံးလေးထဲ
အပြာရောင်ဆပ်ပြာရည်နဲ့
အနှစ်ခံထားရတာတွေ့တယ်
အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း
မင်ကို
စိတ်နဲ့နာမ်
ရောပြီးထိုးထား
ကြမ်းပြင်ပေါ်ကိုခြေချမိလိုက်တော့
ပန်းနုရောင်ခြေဖ၀ါးနုနုကလေးရဲ့
ခြေနွေးငွေ့လေးတွေ
အသက်ငင်နေတဲ့
အအေးဓါတ်ကို
ရှိန်းခနဲ ခံစားလိုက်ရတယ်
အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း
မင်ကို
စိတ်နဲ့နာမ်
ရောပြီးထိုးထား
ရေဗူးအဖုံးကို
ဖွင့်ပြီးသောက်လိုက်တော့
အသက်ဓါတ်မပါ
ဇီဝဖြစ်စဉ်အားနည်းနေတဲ့
အရသာမကြည်လင်မှုမျိုးနဲ့
အနီရောင် အူကြောတစ်လျှောက်
ပူပြီးဆင်းသွားလိုက်ပုံများ
အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း
မင်ကို
စိတ်နဲ့နာမ်
ရောပြီးထိုးထားရတယ်
မျက်မမြင်တစ်ယောက်ရဲ့တံခါးခေါက်သံနဲ့
ဂဏာမငြိမ်တဲ့
နာမ်ကျောရိုးတစ်လျှောက်က
ဖြတ်သွားဖြတ်လာလုပ်နေတဲ့
အလွမ်းစိတ်ကို
ဘယ်လှောင်အိမ်နဲ့မှထည့်လှောင်မရလို့
အော်သံအကြီးကြီးနဲ့အသက်ထွက်
ရီခဲ့တယ်
စိတ်နဲ့နာမ်
ရောပြီးထိုးထား
အနီရောင် အလွမ်း
မင်ကို
ဘယ်တော့မှမပျယ်တဲ့
အိမ်အသားပေါ်မှာ
nelay
No comments:
Post a Comment