Pages

Monday, August 20, 2012

ရင်ဘတ်တူမှ လမ်းလျှောက်ချင်တဲ့ သူတွေအတွက် *Brassiere လိုတယ်






သူတို့တွေနဲ့ ပေါင်းလို့ သူတို့လို ကဗျာ .....
သူတို့တွေနဲ့ အရက်သောက်လို့ သူတို့လို လေချဉ် ....
သူတို့တွေနဲ့ ရောနှောထားလို့ သူတို့လို အရောင် .....

သူတို့တွေနဲ့ ကြိုက်လို့ သူတို့လို အကြိုက် …..
သူတို့တွေနဲ့ ရင်ခုန်လို့ သူတို့လို ရင်ခုန်သံ ….
သူတို့တွေနဲ့ facebook သုံးလို့ သူတို့လို မျက်နှာ ….
သူတို့တွေနဲ့ အိမ်သာ တက်လို့ သူတို့လို ချီးးးးးး ….

သူတို့တွေနဲ့ နိုင်ငံတကာကဗျာတွေဖတ်တော့ သူတို့လို တကာခံတဲ့ ကဗျာ …
သူတို့တွေနဲ့ လက်ရေးလှပြိုင်လို့ သူတို့လို လက်ခလေး ရေး ကဗျာ လှလှ …

သူတို့တွေနဲ့ ဘုရားသွားတော့ သူတို့လို တရား တရား တရား ကဗျာ တရား …
သူတို့တွေနဲ့ မိဘမဲ့ကျောင်းသွားလို့ သူတို့လို ကလေးထိန်း ကဗျာ ….
သူတို့တွေနဲ့ ဒဿနအကြောင်းကို ဒသမ ချပြတော့ သူတို့လို ဒဿ ကဗျာ ….
သူတို့တွေနဲ့ Gtalk မှာ စောက်ဖောင်းထုတော့ သူတို့လို စောက်ဖေါင်း ကဗျာ …
သူတို့တွေနဲ့ ဖင်ခံကြတော့ သူတို့လို ဖင်ခံခံနေတဲ့ ကဗျာ ….
သူတို့တွေနဲ့ ကောင်းတာတွေလုပ်လုပ်နေရလို့ သူတို့လို ကောင်းသွားပြီထင်ထင်နေတဲ့ ကဗျာ …
သူတို့တွေနဲ့ ဟိုပွဲ ဒီပွဲ မျက်နှာပြမှ သူတို့လို မျက်နှာရရနေတဲ့ ကဗျာ ….

သူတို့တွေနဲ့ ဟိုသီအိုရီ ဒီသီအိုရီကြီးကို လူကွယ်ရာမှာ ဖင်ပိတ်လေ့ကျင့်ထားလို့
သူတို့လို ဆရာဖြစ်ချင်နေတဲ့ ကဗျာ …..

သူတို့တွေနဲ့ လမ်းအတူတူလျှောက်တော့ သူတို့လို ခြေထောက်
သူတို့တွေနဲ့ အခြောက်အတူတူလှမ်းတော့ သူတို့လို အခြောက် ….

သူတို့တွေနဲ့ အတင်း အတင်း အတင်း တူတူ နေရလို့
သူတို့ နာမ်တွေ ဝင် ဝင် ပူးးးး ခံနေရတဲ့ ကောင် ….


ဘယ်မှာလဲ ….
မင်းရဲ့ ကိုယ်ပိုင် ကဗျာ ....

ဘယ်မှာလဲ ….
မင်းရဲ့ ကိုယ်ပိုင် လေချဉ် ....
ဘယ်မှာလဲ ….
ဘယ်မှာလဲ ….
ဘယ်မှာလဲ ….
မင်းရဲ့ ကိုယ်ပိုင် ………. အသံ ….. ။



nelay





creidt: wiki
*A brassiere is a woman's undergarment that supports her breasts. Bras are typically form-fitting and perform a variety of functions and have also evolved into a fashion item. The primary purpose of a bra is to enhance the wearer's comfort by supporting her breasts.












Wednesday, August 8, 2012

တည်လင်း



ထင်ရှားသော လေရှုပေါက်များကို မှတ်သားပြီး
ဘဝအကြောင်းတွေ ခေါက်သိမ်းလို့
မုန့်စိမ်းပေါင်း ကို ခပ်စစ ကလေး ဝယ်စားလာခဲ့
ငါတို့ရဲ့ ….. အနက်ဓိပ္ပါယ်တွေ
လူတွေရဲ့ မသတီစရာတွေကြားထဲ နှစ်မြုပ်ခဲ့
မီးတောက်ကိုမြင်မှ
ဟုန်းဟုန်းတောက်ခဲ့ရတဲ့ ကြက်ဥပြုတ်တွေ အေးစက်ခဲ့
ပျော်စရာတွေကို အပြီးသတ်ပြီး
ပုလင်းဘေးက တွဲကျနေတဲ့
ဖယောင်းခဲတွေသာ အေးစက်ခဲ့တယ် ….


ပုပ္ပါးမှာ မိုးခေါင်လွန်းလို့ ….
ခေါင်းပေါ်က ခေါင်းမိုးတွေကို ရေဖြန်းနေရတယ် …
မျက်လုံးကို အတင်းမှိတ်ပြီး စိတ်ချလိုက်ဖို့
ပြန်မပွင့်မှာ စိုးတဲ့ စိတ်နဲ့ မျက်နှာတွေကို ပြူးပြူးနေရတယ် …


တိမ်တိုက်တွေနဲ့လိုက်ပါဖို့ … အငွေ့ဖြစ်ဖို့လိုတယ် ဆိုလို့ …
ကိုယ့်ကို ကိုယ် မီးရှို့လိုက်ပါတယ် …
ပြုံးနေပါတော့လေ ….


မမြင်ဖူးတဲ့ လူကို ထုတ်ပြီး ပစ်ပစ်နေကြရင် …
မကိုးဖူးတဲ့ အရာတွေကို ကွယ်နေကြရင် …
စမ်းချောင်းကလေးရဲ့ဘေးမှာ လက်မောင်းပေါ်က
ဇွဲတွေ သတ္တိတွေ ရွှေငါးကလေးတွေ ခုန်ခုန်ချသွားလိမ့်မယ် …


တိတ်ဆိတ်ခြင်းဟာ အလင်းနှစ်ပေါင်းများစွာထက်
ပိုမိုကျယ်လောင်လွန်းလို့
ခရမ်းချဉ်သီး ပုတ်တွေပဲ ပြုတ်ပြုတ်စားနေပါ့မယ် ….


နွံ့အိုင်ထဲက ကျွဲ
အပြုံးတွေကို စီကျဲလို့ ပါးကြီးပြဲအောင် ဖြီးဖြီးနေ ….
ကျေးဇူးပါပဲ အမေ …
ဒါဟာ မြန်မာဘာသာက တိုက်ရိုက်ပြန်ဆိုလို့ …
ကဗျာ လိုက်ပါတယ် ။



nelay





Tuesday, August 7, 2012

ထုချင်း



စောက်ဖောင်းထုရတာ ကောင်းတယ်
စိတ်ကျန်းမာရေးကို ကောင်းမွန်တိုးတက်စေတယ်
စိတ်လက်ပေါ့ပါးစေတယ်
စောက်ဖောင်းထုရတာကောင်းတယ်
လူဆိုတာ စောက်ဖောင်းထုတဲ့ အမျိုးပဲ ထုပုံ ထုနည်းပဲ ကွာတယ် ....

တချို့ က သီချင်းထဲမှာ ထုတယ်
တချို့က သတင်းစာထဲမှာ ထုတယ်
တချို့က Facebookပေါ်မှာ ထုတယ်
တချို့က ကဗျာပေါ်မှာ ထုတယ်
တချို့က ဂျာနယ်ပေါ်မှာ ထုတယ်
တချို့က လူမသိသူမသိ တစ်ယောက်ထဲ ထုတယ်
တချို့က ပေါ်တင် ထုတယ်
တချို့က ဆေးစားပြီး ထုတယ်
တချို့က ကွယ်ရာ ထုတယ်
တချို့က ဘုရားနဲ့တရားနဲ့ ထုတယ်
တချို့က လမ်းမပေါ် ထုတယ်
တချို့က ဘီယာဆိုင်မှာ ထုတယ်
တချို့က အမေနဲ့ အတူ ထုတယ်
တချို့က ကလေးတွေနဲ့ ထုတယ်
တချို့က ဆေးရုံပေါ်မှာ ထုတယ်
တချို့က ရပ်ကွက်ထဲမှာ ထုတယ်
တချို့က ဘတ်စ်ကားပေါ်မှာ ထုတယ်
တချို့က ကိုယ့်ကို ကိုယ် ထုတယ်
တချို့က စောက်ဖောင်းထုတယ် ပြောတာကို ထုတယ်
တချို့က ထုတာကို မကြိုက်လို့ ထုတယ်
တချို့က မိန်းမတွေနဲ့ ထုတယ်
တချို့က မိန်းမပါးစပ်တွေငှားငှားပြီး ထုတယ်
တချို့က ပါဝါတပ်ပြီးထုတယ်
တချို့က အဖွဲ့လိုက်ထုတယ်
တချို့က မသိမသာ ထုတယ်
တချို့က သေအောင် ထုတယ်
ထုတယ်
ထုတယ်
ထုတယ်
ထုတယ်



nelay