ရ
(Monday, January 18th, 2010)
အက္ခရာတွေ အက်ကွဲတော့
မျက်ရည်ဘာသာစကားကိုပြန်သင်ရ
တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေပေမဲ့
တိုက်ပွဲတွေမရှိတဲ့နေရာရောက်နေရ
မိုးရေထဲမှာ မိုးစက်တွေပြန်ရှာသလို
ပျော်ရွှင်မှုကို ဒဏ်ရာတွေထဲပြန်ရှာရ
နားမလည်ခြင်း၊ မသိခြင်းများကို
ရှင်းလင်းတိကျတဲ့ တောအုပ်ထဲမှာတွေ့ရ
သတ္တိမရှိတော့ဘူး မေမေ
ဖေဖေ့ကို ပြန်ခေါ်လို့လဲမရ
ပြင်းထန်လင်းရှမှုကို တရိုတသေသိမ်းထုတ်
နီလန်းမှုတို့ စောစီးစွာတိမ်ကောသွားရ
ကလေးတစ်ယောက်ကို ဘဲဥဟင်းနဲ့
စစ်တလင်းမှာ အစာမကြေဖြစ်ရ
Zero ကိုဘာသာပြန်ဖို့ကြိုးစားရင်း
ညပေါင်းများစွာ …
တခြမ်းပဲ့လမင်းကိုလက်ကိုင်တပ်ရ
ခုတ်ထစ်စရာမရှိရင် …
ဦးနှောက်ထမ်းတဲ့ လူတွေအတွက်
ကဗျာဟာ အာသာပြေမှုဆန္ဒ
သမိုင်းဝမှာ မြုပ်ဝင်ဆူးနှစ်ရ
သန့်စင်နုငယ်တိုးတိတ်တဲ့
ရင်ဘတ်အောက်က သိပ္ပံနှလုံးကို
မျက်နှာထူထူများ မမြင်ရအောင်
ပြင်းထန်ရက်ယုတ်တဲ့ စိတ်ဘီလူးတသိုက်နဲ့
……. ဖုံး …
.. ဖုံး ……. ဖုံး …
….. ဖုံး …
ဖုံးထား ရ …. ။
nelay
No comments:
Post a Comment