Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Friday, January 17, 2014

မိုးဇက် မြို့ရောက်တော့ သူ့အဖေဆီ ဒီလို စာရေးတယ်



သက်ရှိသက်မဲ့ ရုပ်ဝါဒီနဲ့ တစ်ယောက် ဝဋ် ကို တစ်ယောက်ပြန်ကြည့်ပါတယ်
တစ်ယောက် အနာ ကို တစ်ယောက်အကြွေးလဲပြီး မိဘတွေကို ဒူးထောက်ရှိခိုးဦးချပါတယ်


ကိတ်မုန့်ပေါ်မှာ ယင်မနားအောင် ဖယောင်းတိုင်ထွန်းပြီး လေတွေစုလို့ အားရပါးရမှုတ်ထုတ်ပါတယ်
ကျောကုန်းအမဲပေါ်က ဆေးပျယ်နေတဲ့ လူကူးမျဉ်းကျားပေါ် ငါတို့လက်ကိုမြဲမြဲတွဲလို့ ကူးပါတယ်


နတ်ဆိုးတွေကို ပြုစုယုယပြီး အလှူခံကိုလည်း ငွေတွေ ထည့်ပါတယ်
ပင်လယ်ပြင်ပေါ် ဖြတ်တိုက်လာတဲ့လေတွေကို ရှုရှိုက်ပြီး အနာဂတ်မရှိတဲ့ အိပ်မက်ကိုနှစ်နှစ်ခြိုက်ခြိုက်မက်ပါတယ်


Restart ခလုတ်ကို ခဏခဏ နှိပ်ပြီး ဘဝကို ခဏခဏပြန်စဖို့ ပါးစပ်တွေအကျယ်ကြီးဟ လို့ ပြုံးပါတယ်
သိပ်ချစ်တယ်ဆိုတဲ့ စကားကို လိုအပ်မှပြောတတ်ဖို့ ကင်ဆာရောဂါပါတဲ့ အစားအစာကို တစ်ပတ် တစ်ခါမှန်မှန်စားပါတယ်


ကဗျာတွေမှာပါတဲ့ ဂီတအသံကို လူတွေမကြားအောင် တီးတတ်ဖို့ နှလုံးသားကို လူ့အဖွဲ့အစည်းထဲက ထုတ်ထားပါတယ်
အမြင်အာရုံကို အကြားအာရုံ နဲ့ ဖျော်ဖြေတင်ဆက်ရင်း ဖုန်းဘက်ထရီကိုလဲ အားမှန်မှန်သွင်းထားပါတယ်


ကျေးဇူးတရားကို ကိုယ့်အရပ်နဲ့တိုင်းပြီး ၅ပေ ၇လက်မ ဗီနိုင်းနဲ့ ပရင့်ထုတ်လို့ ဘုရားကျောင်းတော်အောက်မှာ ကပ်ထားပါတယ်
မိန်းမယူဖို့နဲ့ မိဘလုပ်ကြွေးဖို့ အိပ်မက်အလယ်က Volume ကိုလဲ အဆုံးထိတင်လို့ ချဲ့ထားပါတယ်


မြို့ပြ လူနေမှုမှာ ပျဉ်းရိညီးငွေ့လာရင် မျောက်ပွဲတွေ ကြည့်ဖို့နဲ့ အောက်လမ်းက ကားကိုစီးဖို့တစ်ခါတစ်ခါစိတ်ကူးမိပါတယ်
မြို့လယ်ခေါင်မှာ တိုက်တွေပေါ်မှာ တိုက်တွေကြားမှာ ဓါတ်လှေကားမှာ စက်လှေကားမှာ ဘုရားပေါ်မှာ အလုပ်ခန်းထဲမှာ တီဗီရောင်းတဲ့ဆိုင်မှာ ကွမ်းယာဆိုင်မှာ ဖုန်းရောင်းတဲ့ဆိုင်မှာ အခပေးအိမ်သာထဲမှာ ရုပ်ရှင်ရုံမှာ ၁၉လမ်းမှာ ကျန့်တိတ်တရုတ်ကျောင်းမှာ အမျိုးသားစာကြည့်တိုက်မှာ စာပေဗိမာန်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကားပွဲစားတန်းမှာ ခြံနဲ့ဝင်းနဲ့ ဝက်သားဒုတ်ထိုးဆိုင်ထဲမှာ အဖေ တွေများလို့ ဘယ်သူ့ အဖေခေါ်ရမလဲ စိတ်ကို မွေးထားပါတယ်


အဖေ မသိတဲ့ Facebook ပေါ်မှာ လူတွေအမှန်တကယ်မျိုးပွား နေကြောင်း နောက်တစ်စောင်မှာ ရေးလိုက်ပါ့မယ်
အပေါင်းအသင်း နဲ့ ရောင်းရင်းနဲ့ စားလို့ရတဲ့ အဟာရကို MRTV4 က လာ ဗျူးရင်ဖြေဖို့ ပွဲမှန်သမျှကိုလဲ မှန်မှန်တက်ပါတယ်


လူတွေ စိတ်ဆင်းရဲပြီး ဒုက္ခရောက်မှ ရာထူးတက် လစာကောင်းတဲ့ ဘစ်ဇစ်နပ် သီဝရီကို ကမ္ဘာပြုကျမ်းထဲမှာ မတွေ့ပေမယ့် ဒီမြို့ မှာတွေ့လိုက်ရလို့ အဖေ့ကိုပြဖို့ ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး ဒီစာနဲ့ အတက်ချ် လုပ်လိုက်ပါတယ်


စာဖတ်ရတာ စိတ်မရှည်တဲ့ အဖေ့ စိတ်ကိုသိလို့ တချို့ နာမဝိသေသနတွေ နာမ်စားတွေဖြုတ်ထားခဲ့ပါတယ်
စောက်သုံးမကျတဲ့ သားစာကို ဖတ်ပြီး စွတ်မယုံဖို့လဲ မှားချင်ပါတယ်



nelay





No comments: