အရုပ်ထောင်ပစ်လို့ ငါက ဂေါင်ထိသွားရင်တောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဒီကောင်က သူ့ အလှည့်ကျရင် စည်းကမ်းအမျိုးမျိုးထုတ်နေတဲ့ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ကျွင်းစိမ်လို့ တစ်ထွာနှစ်ထွာ တိုင်းရင်တောင် သူ့လက်ကို
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဘောလုံးကန်လို့ ဒီကောင်က တခြားလူကို တွန်းရင် ဘာမှမဖြစ်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
လမ်းထဲက အပျိုတွေနဲ့ ထုတ်စီးထိုး လို့ စည်းမကျော်တာကိုလဲ
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ချက်ထိုးလို့ ဒီကောင့်အလှည့်ကျ တစ်ကွက်မှား သွားရင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

























No comments:
Post a Comment