Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, March 6, 2012

သန့်ရှင်းရေး



အပျော်လွန်သွားတဲ့ငှက်ကို ဇောက်ထိုးဆွဲပြီး
နားတွေကို ပန်းဆိုးတန်းတံတားအောက်မှာ သွားသွားဆေးနေကြ


ခံတွင်းနံ့ကင်းအောင် သံလမ်းတွေပဲ ချိုးချိုးပြီး ဝါးစားနေကြ
ဒီမသတီစရာ စကားတွေကို ခင်ဗျားတို့ပဲ ဗိုက်ကလေးပုတ်ပြီးယုံ
ပြီးမှ ငါ့ကို စော်ကားမဲ့ စကားပုံတွေနဲ့ ပညာတွေ နု နေကြပုံက
ရထား မဖြစ်တော့ဘူး။ ရထား မဖြစ်တော့ဘူး။


ကောလဟာလ ကို ဟာလာ လုပ်လိုက်မှ အခြောက်မ လေသံထွက်လာတယ်
အေ့ ….
ပါးစပ်ဖျားမှာ ပန်းတွေတော့ ပွင့်နေတာပဲ … သေချာတယ် …
ခွေးသေးပန်းတွေ … လှတယ် …


ငါ့အိမ်က ဘုရားမှာခူးပြီးတော့ လာလှူမယ် မကြံနဲ့
အိမ်အောက်က ခင်ဗျားအဖေက ထဟောင်လိုက်လို့
မုတ္တမကွေ့မှာ အထုတ်တစ်ထုတ်နဲ့ အင်္ဂလန်တွေကြီး နမ်းနေရမယ်


မုသားတွေကြီးနေလိုက်ပုံများ ခင်ဗျားတို့ နားတွေလဲ ထုံအအနဲ့ သူငယ်နာမစင်
ပဒိုင်းသီးကို ရေစင်အောင်ဆေးပြီး ခင်ဗျားအမေ့လင်က ခင်ဗျားကိုခွန့်ခွန့်ကြွေး
အေ့ ….. လန်းးး … တယ် ..


ဒီနှစ်ထဲမယ် တဇွတ်ထိုး တွေကြီး ပြုတ်ပြုတ်ရောင်းနေကြပုံက
ငတေကိုကြီး လာလာ မာ ခိုင်းနေပုံရတယ်
စော်ကားရတာ အရသာတွေ့နေတဲ့ ခေတ်ကာလသားသမီးတွေ
တံမြက်စည်းကို အနားတွေဖွာနေလွန်းလို့ ညည မအိပ်ပဲ
အသည်းကွဲသီချင်းတွေကြီး ခြင်ထောင်ထဲမှာ ပါဖော့မန့်လုပ်နေကြတယ်
အေ့ ….


စိတ်မရှိပါနဲ့ဗျာ ဘာ ပုံစံတွေ မိုးမိုးထားတဲ့ ဖွတ်တောထဲက
မျိုးကြဲအရိုးကို ဘာပင် တွေပေါက်စေချင်လွန်းလို့
သန့်ရှင်းရေးကြီး လှိမ့်လှိမ့်လူးနေရတဲ့ တွင်းအောင်း စစ်သူကြီးမဟုတ်လား ။



nelay





Monday, March 5, 2012

ဘူတာစောင့်



ကောင်းကင်ပတ်ကြားအက်ထဲက တအူအူပြိုဆင်းလာကြ
မြို့တွေ ခွဲျပျစ်ချော်ရည်တို့ တလိမ့်လိမ့် တအုန်းအုန်း
ပုတ်သင်ညိုနဲ့ လိပ် မိုျးစပ်တဲ့ ပုတ်သင်လိပ်တွေ
ချန်ပီယံဖြစ်တာတောင် လိပ်ထဲမှာ ချန်ပီယံဖြစ်ရသတဲ့ကွာ


တောက်...


ဒီ စောရဂုဏ်ပြုပွဲမှာ..ခွေးတွေ တဝေါဝေါ အူနေလိုက်ပုံများ
ဘဇူကာအမြောက်သံလို့ ဒိန်းလဒိန်းဒိန်း ပြိန်းပြိတ်အမှောင်ကျည်နဲ့
ပစ်ခွင်း အလင်းတွေ တစ်ကောင်ပြီးတစ်ကောင်ကျ
ဖွတ်ဖွတ်ကြေ အရိုးနဲ့အရေ အမည်ခံကျန်ရုံ ကြံကြတော့


ပြန်မယ်


အလံတွေ ဆယ်ဘူတာကြိုကြိုပြီး ခိုျးတဲ့ ရထား
စိတ်ကောလက်ပါ အကုန်ချပြီး ခပ်အေးအေးသွားနေဆဲ
မစုန်ချင်တဲ့ အဆန်ဘူတာတွေ ကျီးတဖုတ်ဖုတ်..
အဆန်သမားတို့
အမှောင်ကျည်ရှောင်ရင်း ခွဲျပျစ်ချော်ရည်ပူနင်းလို့
လိပ်တွေနောက် ခြေတပေါင်ကိုျး မမီမကန်း...
အူသံအန်ဖတ်တွေကြား တဘိုင်းဘိုင်း အလဲလဲအပြိုပြို...



ကျေးဇူး
icy (၄-၃-၂၀၁၂)





credit ot mmcp





ညစောင့်




ငါက
ဝင်လာသမျှ ဘဝတွေ
ထွက်သွားသမျှ ဘဝတွေ
ထ ကြည့်လိုက်
ထိုင် ကြည့်လိုက်




ငါ့မှာ
ရေးရမဲ့ ဘဝတွေ
မရေးရမဲ့ ဘဝတွေ
ထ ရေးလိုက်
ထိုင် ရေးလိုက်




ငါ့ကို
အားရတဲ့ လူတွေ
အားမရတဲ့ လူတွေ
ထ ဆဲလိုက်
ထိုင် ဆဲလိုက်




ငါ့မှာ
ဖတ်ရမဲ့ စာအုပ်တွေ
မဖတ်ရမဲ့ စာအုပ်တွေ
ထ ဖတ်လိုက်
ထိုင် ဖတ်လိုက်




ငါက
ပြောရမဲ့စကားတွေ
မပြောရမဲ့စကားတွေ
ထ ပြောလိုက်
ထိုင် ပြောလိုက်




ငါ့မှာ
ကြောက်ရမဲ့ တစ္ဆေတွေ
မကြောက်ရမဲ့ တစ္ဆေတွေ
ထ ခြောက်လိုက်
ထိုင် ခြောက်လိုက်




ငါ့ကို
ဟောင်ကြတဲ့ ခွေးတွေ
မဟောင်ကြတဲ့ ခွေးတွေ
ထ ဟောင်လိုက်
ထိုင် ဟောင်လိုက်




ငါ့က
တွက်ရမဲ့ ဂဏာန်းတွေ
မတွက်ရမဲ့ ဂဏာန်းတွေ
ထ တွက်လိုက်
ထိုင် တွက်လိုက်




အော် …
ငါ့မှာ
ဖွင့်ရမဲ့ တံခါးတွေ
မဖွင့်ရမဲ့ တံခါးတွေ
ထ ဖွင့်လိုက်
ထိုင် ဖွင့်လိုက်နဲ့
သောက် မိုးကို လင်းတည်ခဲ့ …. ။



nelay