Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Wednesday, August 14, 2013

လွမ်းတယ်ဆိုတာ



ခင်ဗျားတို့ လူ့အသိုင်းအဝိုင်း ဆိုးကြီးထဲ
ကီးဘုတ်ပေါ်က I miss u ဆိုတဲ့ ခလုတ်တွေ နဲ့ ဆိုတာမျိုး
ငါ နင့် ကို အရမ်း လွမ်းလိုက်တာ ဟာာာာ ဆိုတာမျိုး
မောင်စိန်ဝင်းပုတီးကုန်း ထဲက နွဲ့ဒါလီ ကိုဖြင့် လွမ်းလွန်းလို့ ညည အိပ်မပျော်တော့ဘူး ဆိုတာမျိုး
ကိုကို မီးကို အရမ်း လွမ်းတယ် လို့ ခဏခဏ ပြော ဘာာာာ ဆိုတာမျိုး
I miss u ကို copy ကူပြီး Paste တွေ အကြိမ် တစ်ရာလောက် လုပ်ပြ တာမျိုး
သူ့ကို လွမ်းလွန်းလို့ ညရေး ညတာ ခက်လှခြည့်ရဲ့ ဆိုတာမျိုး
နင် ငါ့ ကိုပဲ လွမ်း ရမှာ သတိရ ရမှာ နော် ဘယ်သူ့ကိုမှ ငါ့နေရာ ဝင်ရဲရဲ ကြည့် ဆိုတာမျိုး
မောင် ကျမ ကို လွမ်းရင်လေ ကဗျာ တစ်ပုဒ်လောက် ရေး ပို့ ပေးပါ ဆိုတာမျိုး
မီးလေ ကိုကို့ ကို အချိန်တိုင်း (အိမ်သာတက်ရင်တောင်) သတိရ လွမ်းဆွတ် နေမှာာာာ ဆိုတာမျိုး
အဲဒါ မျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးတွေ ကို
ငါ့ ကမ္မဝါ ထဲက အလွမ်း လှိုက်သံ က လှောင် ရီတယ်
ငါ့ လွမ်းဆွတ်ခြင်းဟာ ..
၁၀ တန်းတုန်း က ကိုယ်ကြပ်အင်္ကျီ အမြဲ ဝတ်တဲ့ ကျောက်သင်ပုန်းပေါ် ကမ္ဘာ့ မြေပုံ အမြဲဆွဲပြတဲ့
သမိုင်းဆရာကြီးကို သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ မြေဖြူခဲ အနံ့တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
တစ်ချိန်က လက်ဖက်သုတ် ဆိုင်ကလေးပေါ်က ငါ့ အနာဂတ်တွေဟာ ဟိုးးး အိမ်ကလေးဆီက အလင်းရောင်ကို သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ အလင်းရောင်ဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
တိမ်တွေဟာ ရွေ့လျှား နှုန်းကို မတွက် မချက်နိုင်သေးခင် ထွက်ခွာသွားကြလို့ ငါ့ လွမ်းဆွတ်ခြင်းကို
သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ တိမ်ငွေ့တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
သွေးကြောတွေကို ဖြတ်တောက်လိုက်လို့ သွေးငတ်နေတဲ့ ဝေဒနာပေါ်က တည်ငြိမ်ခြင်းကို
ငါ့ လွမ်းဆွတ်ခြင်းတွေ သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ အနီရောင်တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
ကဗျာ ဟာ ပြောင်းလဲခြင်းတွေ နဲ့ အဝေးကို ခရီးထွက်သွားခြင်းကို
ငါ့ လွမ်းဆွတ်ခြင်းတွေ သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ စာလုံးတွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့

ဟေ့ …. ကောင် အလွမ်းမွှန် နေတဲ့ အလွမ်းတဏှာ အလွမ်းစွန်းနေတဲ့ အလွမ်းစွန်းက စောက်ရူး အလွမ်းတွေကို တွိစ်ထဲ ထည့်ထည့် ရွတ်နေတဲ့ တရားကွယ်နေတဲ့ ကောင် အလွမ်းတွေကို နှလုံးမသွင်းဖူးတဲ့ အလွမ်းကန်းနေတဲ့ ကောင် ….

လွမ်းတယ် သတိရတယ် ဆိုတာ လူ့နလပိန်းတုံး တွေအတွက် က ကြီး ကနေ အ အထိ အော်ကျက်မှ ရင်ထဲ ရောက်မယ့်အရာ ဆိုရင် မအောင် မြင်တဲ့ အလွမ်းတွေ သတိရခြင်းတွေဟာ ခဏခဏ ဟန်ဆောင်ထားတဲ့ အလွမ်း အပုတ် အပွ အတု တွေ

လွမ်းတယ် သတိရတယ် ဆိုတာ တစ်စုံတရာ ကို အသိပေး တိုင်တည်ခြင်းထက် (လူကြားကောင်းအောင်) ဖွင့်ဟ ပြနေခြင်းထက် ငါ့ တိတ်ဆိတ်ငြိမ်သက်ခြင်းက ပိုမိုလေးနက်တယ် စောက်ရူးတွေ ဘယ်နားလည်ပါ့မလဲ



nelay





No comments: