Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, October 20, 2014

အလွမ်းမင်ရုပ်



အိမ်ကိုပြန်ရောက်တော့
CHARLES & KEITH ကို
ခရမ်းရင့်ရောင်
အလွမ်း ကော်ဇောပါ်မှာတွေ့တယ်

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထား

ရေချိုးခန်းထဲဝင်လိုက်တော့
အဖြူရောင်ဂါဝန်လေးက
အနက်ရောင် ရေဗုံးလေးထဲ
အပြာရောင်ဆပ်ပြာရည်နဲ့
အနှစ်ခံထားရတာတွေ့တယ်

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထား

ကြမ်းပြင်ပေါ်ကိုခြေချမိလိုက်တော့
ပန်းနုရောင်ခြေဖဝါးနုနုကလေးရဲ့
ခြေနွေးငွေ့လေးတွေ အသက်ငင်နေတဲ့
အအေးဓါတ်ကို ရှိန်းခနဲ ခံစားလိုက်ရတယ်

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထား

ရေဗူးအဖုံးကို ဖွင့်ပြီးသောက်လိုက်တော့
အသက်ဓါတ်မပါ ဇီဝဖြစ်စဉ်အားနည်းနေတဲ့
အရသာမကြည်လင်မှုမျိုးနဲ့
အနီရောင် အူကြောတစ်လျှောက်
ပူပြီးဆင်းသွားလိုက်ပုံများ

အိမ်အသားပေါ်က
ဘယ်တော့မှမပျယ်တဲ့
အနီရောင် အလွမ်း မင်ကို
စိတ်နဲ့နာမ် ရောပြီးထိုးထားရတယ်

မျက်မမြင်တစ်ယောက်ရဲ့တံခါးခေါက်သံနဲ့
ဂဏာမငြိမ်တဲ့ နာမ်ကျောရိုးတစ်လျှောက်က
ဖြတ်သွားဖြတ်လာလုပ်နေတဲ့ အလွမ်းစိတ်ကို
ဘယ်လှောင်အိမ်နဲ့မှထည့်လှောင်မရလို့
အော်သံအကြီးကြီးနဲ့အသက်ထွက် ရီခဲ့တယ်

စိတ်နဲ့နာမ် ရောပြီးထိုးထား
အနီရောင် အလွမ်း မင်ကို
ဘယ်တော့မှမပျယ်တဲ့
အိမ်အသားပေါ်မှာ



nelay





Friday, October 17, 2014

အောက်တိုဘာရွာထဲက လူမှုရေး



နလပိန်းတုန်းတွေ ယူသောက်သွားတဲ့ သောက်တော်ရေထဲမှာ
သူတို့ ပိုးလောက်လန်းတစ်ရွာလုံး ဟိုခုန်ဒီခုန် ဟိုတွန့်ဒီတွန့်

ဘုရားဘေးက ပန်းတွေလှလှလာတော့ သူတို့ ထိုးထားတဲ့အိုးတွေထဲ
သူတို့ အမြစ်တွေနဲ့ သူတို့သဒ္ဒါတရားတွေ ပုတ်လို့ သိုးလို့ အနံ့ထွက်

နေကာမျက်မှန်အမဲရောင်နဲ့ မှ ကောင်းမွန်သော သူတို့အသိုင်းအဝိုင်းထဲ
စိတ်ကျရောဂါကို လက်မခံထားတဲ့ သိပ်တော် သိပ်တတ် အယူဝါဒ ဂေါင်းကို
သူ့ ဂေါင်းက ပိုကျယ်တယ် ငါ့ ဂေါင်းက ပိုကျယ်တယ် အချင်းဝက်ချင်းတိုင်းလို့မကုန်

မျက်နှာ မက်နေတဲ့ ဘုံမှာ တစ်ခြမ်းဘဲ့ လကို Branded ရွာထဲကနေ
neckties စည်းထားတဲ့ ဝါးလုံးဂေါင်းနဲ့ ပြူးပြီးကြည့် ပြဲပြီးကြည့်

ကြော်ငြာသာ မပါရင်တော့ ဒီကမ္ဘာမှာ ဘုရားတောင် ပွင့်မရတော့ဘူးဆိုပြီး
သူတို့ရွာထဲ အမေတွေခြေခြင်းလိမ်ပြီး သမီးဒွေကို စာရွက်တွေပေါ်တင်ပြီးဖူးဖူးမှုတ်ထား

သူတောင်းစားတွေကတော့ တီဗီအပြားလေးတွေနဲ့ ဝေးရာမှာပဲ တောင်းရမ်း
သူတောင်းစားကြီးတွေကတော့ တီဗီအပြားကြီးတွေထဲ ဝင်ဝင်ပြီးတောင်းရမ်း

သူတို့ရွာကအမျိုးတွေများ ပါရင် လက်ညှိုးကလေးထိုးပြီး လက်မကလေးထောင်ပြီး
သူ့အမေလင်ငယ်သွားတဲ့ လေသံနဲ့ congratulations သေးသေးလေးတွေလုပ်

မဟာဘုတ်ထဲမှာမှ ဒီရာစုက မျောက်နတ်က္ခနဲ့ညိပြီး လျှာကောင်းတဲ့ရွာထဲလူတွေ
သင်းကွတ်ထားတဲ့ နွားကြီးကိုပြပြပြီး တစ်ခန်းတစ်နား အောင်မြင်လာတဲ့ရာစု

ရွာထိပ်ကညောင်ပင်ကြီးမှာ မိန်းမပျက်နဲ့ မိန်းမကောင်းကို ခွဲခြားမရတော့လို့
နတ်စင်ဆောက်ပြီး စောက်ကျင့်ပျက်ယောက်ကျားတွေကို ပူဇော်ထားလို့မကုန်

ဒုတ်တွေကုန်သွားပြီးဆိုတော့ ရေလောင်းအိမ်သာတွေဆောက်ရမယ်ဆိုပြီး
သူတို့ အိမ်သာကျင်းတူးရင်း ဘုရားဖြစ်ဖို့ဆုတောင်းရင်း



nelay