Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Saturday, November 3, 2012
သန္ဓေ ရင်းတိုက်
လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
ဖုတ်သွင်းရထား နဲ့ မဟူရာ ဘူတာ
ဦးနှောက်တဲ့ အသက်ရှု တံ
သွားလေရာ သံချေးကိုက်နေတဲ့ အပ်တွေကိုမသုံးဘူး
သွားရည်တွေ ကျတိုင်း လိုက်ထိစပ်တွယ်ညှိမနေဘူး
ဦးနှောက်တွေဟာ ဆေးကို တကယ်အလိုရှိလို့
အားဆေး ဆိုပြီး ညာညာ တိုက်နေကြ
ငါ့ကိုယ်ငါ လုံခြုံမှုကို ငါ့ကိုယ်ငါ ထက်တန်ဖိုးထားလို့
ဆေးသမားဟာ ဦးနှောက်ကို ဖောက်စားဖို့ကြောက်ရွံ့နေတယ်
သတ္တိမရှိတဲ့ ပညာတတ်တွေရဲ့ အပ်ချောင်းထဲမှာ
ဆေးသမားဟာ ဉာဏ်မရှိသလို လွှန့်လူးမနေဘူး …
တစ်ရွက်ခြင်းစီဟာ သန့်ရှင်းလတ်ဆတ်လွန်းလို့ …
ဦးနှောက်ကြီးဟာ အဟာရတချို့ကိုဖယ်ထုတ်ထားရတယ် …
ဒါဟာ ဆေးသမားလောက် ဉာဏ်ရှိတဲ့ ဆေးသမားမျိုးကို
ဘာလို့ ဒေါက်တာဘွဲ့ထူးတွေ မပေးနိုင်တာလဲ …
ဆေးသမား ကောင်းစွာ ငြင်းဆန်ခဲ့ပါတယ် ….
ပညာရှိဖို့ထက် ဦးနှောက်ရှိဖို့ကို ဆေးသမားက
ကောင်းစွာဦးစားပေးလိုက်လေရဲ့ …
ဘိုးဘွားတွေရဲ့ ဆယ်နှစ်ရာသီမတိုက်ထားတဲ့ သွားကြားကအမျှင်ကို
ဆေးသမားကကောင်းကောင်းကလေးဆွဲထုတ်ခဲ့တယ်
ငါမသေဘူး ငါမရူးဘူး ငါနောက်မလိုက်ဘူး
ငါဟာ သူတို့တွေ အသက်ရှုထုတ်လိုက်တဲ့အနံ့ကိုမခံမရပ်နိုင်လွန်းလို့
ဆေးသမားအဖြစ်နဲ့ နှာခေါင်းတွေကို သန့်စင်တဲ့လေနဲ့ လုံခြုံမှုပေးခဲ့တယ်။
ဆေးသမားမှာ အမှန်တွေအမှားတွေရှိဖို့ မလိုအပ်လွန်းလို့
ဘေးမှာထိုင်ပြီး စောက်ခြောက်သီချင်းတွေနားထောင်နေတဲ့ကောင်ကိုစားလိုက်တယ်
အရိုးတွေဟာခါးလွန်းလှလို့ ဦးနှောက်ကြီးကထွေးထုတ်လိုက်တယ်
ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး
အမုန်း
အလှတရားဟာမှောင်လွန်းလှလို့
ဘဝကိုတိုးတိုးကလေးရယ်မိတယ်
ခွေးတွေနဲ့ကစားစရာတွေ
တိုက်ခန်းနံပါတ်ကိုပြောပြောပြီး
အချစ်
ဗုဒ္ဓကိုချစ်တယ်
တရားဟာမှောင်လွန်းလှလို့
လောကကိုတိုးတိုးကလေးရယ်မိတယ်
ခြေလှမ်းတွေနဲ့အသက်ရှုသံတွေ
ခုနစ်ရက်နံပါတ်ကိုဟောဟောပြီး
အချစ်
လိင်အပေးအယူနဲ့မိန်းမကိုချစ်တယ်
အခန်းဟာမှောင်လွန်းလှလို့
ရမ္မက်ဟာတိုးတိုးကလေးရယ်မိတယ်
အရေပြားတွေနဲ့ငွေကြေးတွေ
မိဘနံပါတ်ကိုတွက်ချက်ပြီး
အချစ်
မသန့်စင်ခြင်းကိုချစ်တယ်
သန့်စင်ခြင်းဟာမှောင်လွန်းလှလို့
အလင်းကိုတိုးတိုးကလေးရယ်မိတယ်
ပဝါအနားသားတွေမျက်နှာဖုံးတွေ
အချစ်
စိတ်ကိုချစ်တယ်
အမှောင်ဟာစိတ်လွန်းလှလို့
အသိဉာဏ်ကိုတိုးတိုးကလေးရယ်မိတယ်
စိမ့်ထွက်လာတဲ့နံရံတွေမျှတတဲ့အရှုံးတွေ
အမုန်း
အချစ်တွေကိုမုန်းတယ်။
မိုးရာသီ (မြန်မာသံစဉ်)
ရထား အပင်ပေါ်မှာ အကျိုးပြု မီးခိုးတွေက အူလို့
သောက်သုံးရေလိုနေတဲ့ မျက်နှာထားများနဲ့
လမထွက်တဲ့ ဟင်းလင်းပြင်မှာ
ခွေးတွေလဲ အူလို့ ဆူကြတယ်
ဘယ်လောက်ပြောပြော အမှတ်မရှိတဲ့ ကျည်တောက်တွေ
ရပ်အကျိုး ရွာအကျိုး သယ်ပိုးကြဖို့
စနေနေ့တိုင်း ထထလှဲနေတဲ့
ဥပုတ်သည်ကြီး လည်မှာ ဘာတွေများဆွဲထားပါ လိမ့်ကွယ်
ရေကျော်အရပ်မှာ လေးနေခဲ့တဲ့ ပဲဟင်း အရေကျဲတွေ ကရော
မွေးခါစ တောအုပ်ထဲက မီးတွေကိုပဲ မွှေးမွှေးနေကြသလား
ငါချွတ်ခဲ့တဲ့ စွတ်ကျယ် ဂျိုင်းအပြဲကလေး
ဘယ်နားမှာများ တင် မိခဲ့သလဲ
ကြားဖူးချင်ယောင်ဆောင်ခဲ့တဲ့ လေသံထဲမှာ
အရှေ့ရိုးမက မိုးတွေပဲ သွေးတိုး နေရတယ်
ဂျာနယ်ထဲမှာ ပါနေကြ စကားလုံးတွေကို ချက်ကြွေးပြီး
ဧည့်ခံရမယ်ဆိုရင် ဘုန်းကြီးတွေ အီနေကြမှာ စိုးတယ်
လေတွေများ အစမ်း တိုက်မိ လိုက်သလား
ဘာကိုများ သေသေချာချာကြားချင်နေတဲ့
အသိဉာဏ် အပိုင်း အစ တွေလဲ
လက်မဦးသေးခင်က
ကျောက်ဒိုးတွေကြီး ပိုက်ပိုက်ပြီး
င နဲ့ ငါ ကိုများ Patterns တွေခွဲခွဲပြီး စီစီထားတာလား
မိုးကောင်းတုန်းမှာ စာအုပ်တွေ ထုတ်ထားကြပြီး
မြစ်ကျိုးတုန်းမှာ လှေလုပ်စီးကြမဲ့ စက္ကူလှေတွေ
အများကြီး …. အများကြီး …. အများကြီး
ပျော်ပျော်ကြီးကို လက်ခတ် မှန်မှန်နဲ့ ညံ လိုက်ပါတယ်
ကတို့ ခ တွေ ကျန်အောင်လို့
တစ်ကောင် အော်တိုင်း လိုက်လိုက် အော်နေတဲ့ ဖားတွေ
ငါ့ အိမ်ရှေ့ ပိန်းပင်အောက်မှာ ငယ်သံပါအောင် ဆူကြတယ်
မိုးတွင်း အခါမို့
ရေမငတ်အောင်လို့ ပေါင်ပေါ်အောင် လိပ်တင်ထားတဲ့ အတွေးကို
ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ
စိတ်လိုလက်ရ လေမလည်နိုင်တဲ့
ဒီလို ဥတုရာသီမျိုးမှာ
ရွာနေတဲ့မိုးကို ငါက လက်ဆိပ်တက်အောင်သာ
ဆိတ်လိုက်ချင်ရဲ့လေ
ငယ်ငယ်ထဲက မ၀ ခဲ့တဲ့ ရာထူးကို
သေခါနီးမှ ၀ ၀ လင်လင် စို့စို့နေကြတဲ့
ဝက်အိုကလေးတွေ ကြောင့် ခွေးအိုမကြီး မျက်နှာတောင်
ပိန် လို့ ချုန်း လို့
ပုတ် လို့ ခတ် လို့ ရိုက်ခတ်လာတဲ့ လှိုင်းတွေက
သေလောက်အောင်မာတဲ့ ကျောက်ဆောင်တွေကို
စား ….. စား …… စား …… စား
နွံနစ်သွားတဲ့ ပတ္တမြားတွေ အပင်ပေါက်လာတော့
ရထားလမ်းပေါ် ရေကျော်ထားတဲ့ အထာ နဲ့
သွေးထဲမှာ ဂျာနယ်လစ်စ် အတု တွေ ရောရောပြီး
Ethic တွေ အလပ်ဂျစ် ဖြစ်နေကြတယ်
ကုရာနတ္ထိ ဆေးမရှိပါပဲ
မိုးရာသီမှာ ပိုးပေါင်းစုံထ တဲ့ စုံတောမြိုင်ကြီးထဲ
Intro ကို စန္ဒရားသံ လေးလေးကြီးနဲ့
ကျနော် ချစ်သော မိုးရာသီ ဆိုပြီး စန္ဒရားလှထွဋ် စတိုင်နဲ့
ငါက မြန်မာသံလေးလေးကြီးကို ညည်းလိုက်လေရဲ့ ။
Saturday, September 15, 2012
ရုပ်ရှင်ကြည့်သူများ
မမြင်ရဘူး ဆိုတဲ့ အမှောင်ထဲမှာ ချောင်းဟန့်သံဟာ ငါ့ရင်ကိုတုန်သွားစေသလား ။
ရုပ်ရှင်ကြည့်သူများဟာ ပိုက်ဆံမပေးရတဲ့ လက်မှတ်ကို တယုတယ ကိုင်လို့ ရုပ်ရှင်ရုံမဟုတ်တဲ့ ရုပ်ရှင်ရုံကိုဝင်လာကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
စုပုံထားတဲ့ အရောင်ကတောင် ငါ့ရင်အုံပေါ် နင်ခြေသွားသလား။
ရုပ်ရှင်ကြည့်သူများဟာ ရုပ်ရှင်ရုံရှေ့မှာ ဖိနပ်ကို ညီညီညာညာ ချွတ်လိုက်ကြ ။
လက်မှတ်ဖြတ်တဲ့သူတွေက ပိုက်ဆံမရတဲ့ အလုပ်နဲ့ လက်မှတ်တွေကို ဝမ်းသာအားရ ဆုတ်လို့ ဖြဲလို့ ပြုံးလို့ ပျော်လို့ ။
ငါက တစ်ခါတစ်လေ အကောင်းဖက်က စဉ်းစား ကြည့်ရတာကို အရသာတွေ့လာ ။
မကြာပါဘူး ။
မိုးတွေရွာ ။
မကြာပါဘူး ကောင်းကင်ကြီးက မှောင်လို့ ။
မကြာပါဘူး အလင်းရောင်ကို ရုပ်ရှင်ကြည့်သူများဟာ တိုးတိုး တိတ်တိတ် လှောင်ဖို့ ကြိုးစားလိုက်ကြ ။
အတ္တဟာ သုံးပုံ တစ်ပုံအထက်ကို ရောက်လာတော့ ရုပ်ရှင်ကြည့်သူတွေဟာ နေကြာစေ့ကို ထုတ်ဝါးဖို့ မေ့နေ ။
နေကြာ စေ့ မရောင်းပါ ။
နေကြာစေ့ မဝယ်လာပါ ။
နေကြာစေ့ ဝါး မဲ့ ပါးစပ် တွေက ရုပ်ရှင်ကြည့်ရင်း ဟ နေရလို့ ။
နှလုံး ခုန်သံတွေက ပါးစပ်ထဲမှ အသံတွေအဖြစ် ထွက်ကျလာ ။
ရုပ်ရှင်ကြည့်သူများဟာ လိုက် မကောက်အားဘူး ။
လက်နှစ်ဖက်က မအားဘူး ။
လက်နှစ်ဖက်က လက်ခုပ်တီးဖို့ အဆင်သင့် ။
မမြင် ကွယ်ရာမှာ ရွံ့နေကြတဲ့ လက်တွေတောင် ငါတို့ အသံနဲ့ အမှီလိုက်လို့ တီးလို့ ခတ်လို့ လက် ခုပ်သံတွေ ပြည့်လို့လျှံလာကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
နေပြည်တော်မှာ မြင်ဖူးကြမယ်မထင်ဘူး ။
ရှေ့ဆောင်မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction MawTin Cineplex Theatre 1 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction MawTin Cineplex Theatre 2 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Naypyitaw Mini Theatre မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre 1 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre 2 မှာ မြင်ဖူးကြမယ်မထင်ဘူး ။
Junction Square Cineplex Theatre (3D) မှာ မြင်ဖူးကြမယ်မထင်ဘူး ။
မင်္ဂလာ (Dagon Center – D II ) (3D) မှာ မြင်ဖူးကြမယ်မထင်ဘူး ။
မန္တလေး မြို့မ မှာ မြင်ဖူးကြမယ်မထင်ဘူး။
မန္တလေး ဝင်းလိုက် မှာ မြင်ဖူးကြမယ်မထင်ဘူး။
ရုပ်ရှင်ကြည့်သူများဟာ အိပ်မက်ကို ခပ်နာနာကလေး ရိုက်နိုးလိုက်တဲ့ အသံမို့ ။
နီးစပ်ရာတွေ ထိ လျှံရတယ် ။
သိပ်မကြာပါဘူး ။
ရုပ်ရှင်ကြည့်သူတွေဟာ ဘာ ဖြစ် မလဲ ကြိုကြိုသိနေတဲ့ အသိဉာဏ်မှိုင်းတိုက် ရုပ်ရှင်တွေကို ထွီး … ခနဲ ထွီး … ခနဲ ထွေးထုတ်လိုက်ကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဆိုက်ကားသမားကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ မိဘမဲ့ကလေးကို မျက်ရည်ကျ ကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ သုံးရက်လောက်ထမင်းမစားရတဲ့လူကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဝက်မွေးတဲ့ မိန်းမတွေကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ပန်းချီဆရာကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဇာတ်လမ်းပြောင်းပြန်ကို ကြိုက် ကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဝက်သားသည်ကို လက်ခုပ်တီးကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ
မိတ်ကပ်များနဲ့ မျက်တောင်အတုတပ် မိန်းမတွေကို မုန်းကြ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ ဟန်လုပ်ထားတဲ့ ပုံရိပ်တွေကို ဆွဲဆုတ်ကြ ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ အသံတုတွေကို ရွံမုန်းကြ။
ဒါပေမဲ့ ရုပ်ရှင်ကြည့်သူတွေဟာ မျက်ရည်တုတွေကို ဟားတိုက်ကြ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ပိတ်ကားထက်က အရောင်တွေ ပြန်ပြန်ဟပ်တိုင်း ရုပ်ရှင်ကြည့်သူတွေဟာ ဆေးလက်စ မျက်နှာများကို သုတ်လိုက်ကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ရုပ်ရှင်ကြည့်သူတွေဟာ
မမြင်ဖူးတဲ့ ရုပ်တွေ
မမြင်ဖူးတဲ့ အသံတွေ
မမြင်ဖူးတဲ့ စကားတွေ
မမြင်ဖူးတဲ့ အငြင်းအခုန်တွေကို အံ့သြကြ ။
ငါက ရုပ်ရှင်လို့ လွယ်လွယ် သုံးနှုန်းလိုက်ရတာကို အလိုမကျ ။
ရုပ်ရှင်ကြည့်သူတွေဟာ တကယ့် မင်းသမီး မင်းသားတွေကို မေ့သွားကြ ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်နေကြ ။
ရုပ်ရှင်ကြည့်သူတွေဟာ ဘဝတွေကိုကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ရုံအပြင်မှာကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်သူတွေနဲ့ အတူတူ ကြည့်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ တီဗီတွေကို မေ့ထားလိုက်ကြ။
ရုပ်ရှင်ကြည့်သူတွေဟာ အသံတွေကို မြင်နေရ ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်တွေကို ကြားနေရ ။
ရုပ်ရှင်ကြည့်သူတွေဟာ ပိတ်ကားအပြင်ကို မြင်နေကြ။
ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်ရင်း ရုပ်ရှင်ဖြစ်လာကြတယ် ။
Inspiration from ဝဿန်ရုပ်ရှင်ပွဲတော် #2
Wednesday, September 12, 2012
စုန်းတစ်ကောင်ဟာ ကဗျာဆရာကို လိပ်ပြာသန့်လိုက်တဲ့ ည
“ငါက ကဗျာဆရာဖြစ်ချင်တာမဟုတ်ဘူး
ငါက ကဗျာဖြစ်ချင်ခဲ့တာ
ကဗျာရေးနေရယုံနဲ့ ငါ့မှာပြည့်စုံနေတာ
ကဗျာဆီကနေ ငါက
ဘာတစ်ခုမှ ကြီးကြီးမားမား မျှော်လင့်ထားတာမဟုတ်ဘူး
ကဗျာကို ကဗျာအတိုင်း တယုတယ ထားချင်ခဲ့တာ
ကဗျာတွေကို သူ့ရဲ့လုံခြုံတဲ့နေရာမှာ ထားဖို့အတွက် ….
ရုပ်သေးဆိုတဲ့ လူတစ်ယောက်ဟာ ခရီးတွေအများကြီးထွက်ပြီး
တစ်ခါတုန်းက ရုပ်သေးဆိုတဲ့ လူတစ်ယောက်ရေးတဲ့ကဗျာတွေရှိနေခဲ့တယ်”
ဖြစ်ချင်တော့ စာတန်းက တစ်ဝက်တစ်ပြက်နဲ့ မပါလာဘူး …. အဲဒီ့ ဝန်ကြီးလဲ မကြာပါဘူး အပေါ်က တစ်ဝက်တစ်ပျက် စာတန်းရှည်ကြီးလဲ ဖတ်ပြီးရော …. တစ်ခါထဲပြုတ်သွားပါလေရော …..
စုန်းမဟာ တီဗီပေါ်မှာ ပါချင်လွန်းလို့ ….. သူ့ကိုယ်သူ အမ်တီဗီ တစ်ပုဒ်ရိုက်တယ် ….. သူရိုက်တုန်းကတော့ ….. ကိုယ်ပိုင်ဖန်တီးမှု ပါပဲ …. တီဗီပေါ်ပါလာတော့ …. သူ့သံစဉ်ကြီးက …. ဟိုက ဆိုလား ဒီက ဆိုလား …. ကူးချထားတာကြီးဖြစ်နေတယ် …. ဒါနဲ့ဗျာ …. စုန်းမလေ .. သုံးရက်သုံးည လုံးလုံး ငိုလိုက်တာ လွန်ပါရော ………… ။
Monday, August 20, 2012
ရင်ဘတ်တူမှ လမ်းလျှောက်ချင်တဲ့ သူတွေအတွက် *Brassiere လိုတယ်

Wednesday, August 8, 2012
တည်လင်း
ဘဝအကြောင်းတွေ ခေါက်သိမ်းလို့
မုန့်စိမ်းပေါင်း ကို ခပ်စစ ကလေး ဝယ်စားလာခဲ့
ငါတို့ရဲ့ ….. အနက်ဓိပ္ပါယ်တွေ
လူတွေရဲ့ မသတီစရာတွေကြားထဲ နှစ်မြုပ်ခဲ့
မီးတောက်ကိုမြင်မှ
ဟုန်းဟုန်းတောက်ခဲ့ရတဲ့ ကြက်ဥပြုတ်တွေ အေးစက်ခဲ့
ပျော်စရာတွေကို အပြီးသတ်ပြီး
ပုလင်းဘေးက တွဲကျနေတဲ့
ဖယောင်းခဲတွေသာ အေးစက်ခဲ့တယ် ….
ပုပ္ပါးမှာ မိုးခေါင်လွန်းလို့ ….
ခေါင်းပေါ်က ခေါင်းမိုးတွေကို ရေဖြန်းနေရတယ် …
မျက်လုံးကို အတင်းမှိတ်ပြီး စိတ်ချလိုက်ဖို့
ပြန်မပွင့်မှာ စိုးတဲ့ စိတ်နဲ့ မျက်နှာတွေကို ပြူးပြူးနေရတယ် …
တိမ်တိုက်တွေနဲ့လိုက်ပါဖို့ … အငွေ့ဖြစ်ဖို့လိုတယ် ဆိုလို့ …
ကိုယ့်ကို ကိုယ် မီးရှို့လိုက်ပါတယ် …
ပြုံးနေပါတော့လေ ….
မမြင်ဖူးတဲ့ လူကို ထုတ်ပြီး ပစ်ပစ်နေကြရင် …
မကိုးဖူးတဲ့ အရာတွေကို ကွယ်နေကြရင် …
စမ်းချောင်းကလေးရဲ့ဘေးမှာ လက်မောင်းပေါ်က
ဇွဲတွေ သတ္တိတွေ ရွှေငါးကလေးတွေ ခုန်ခုန်ချသွားလိမ့်မယ် …
တိတ်ဆိတ်ခြင်းဟာ အလင်းနှစ်ပေါင်းများစွာထက်
ပိုမိုကျယ်လောင်လွန်းလို့
ခရမ်းချဉ်သီး ပုတ်တွေပဲ ပြုတ်ပြုတ်စားနေပါ့မယ် ….
နွံ့အိုင်ထဲက ကျွဲ
အပြုံးတွေကို စီကျဲလို့ ပါးကြီးပြဲအောင် ဖြီးဖြီးနေ ….
ကျေးဇူးပါပဲ အမေ …
ဒါဟာ မြန်မာဘာသာက တိုက်ရိုက်ပြန်ဆိုလို့ …
ကဗျာ လိုက်ပါတယ် ။
Tuesday, August 7, 2012
ထုချင်း
Wednesday, July 25, 2012
အမှတ်၂၈ လမ်းမကြီး
ကျောပိုးအိတ်ထဲမှာ မှင်နီတွေရှိတယ်
သံချပ်ကာ အောက်မှာ ခိုနေတဲ့ နဖူးကို နမ်းပြီး ....
ငါးရာ့ ငါးဆယ်လိုနေတဲ့ မျက်လုံးများနဲ့
မြေနီလမ်းပေါ်က အရေပြားကို အစိမ်းလိုက် ခွာ ခဲ့တယ်ပေါ့ .....
ဒါဟာ နာမ်များရဲ့ အယူအဆထဲက တစ်ခြမ်းပဲ့နေတဲ့ ဘဝကို
အသက်ပြန်သွင်းတဲ့ နေရာ မဟုတ်ဘူး ......
ငါးလွှာထဲနဲ့ တစ်ပွင့် ပွင့်ပြနေတဲ့ အတ္တကို
ဘယ်အခြမ်းနဲ့ ညာအခြမ်း ရွေးခြယ်မှုတွေ ဖမ်းခိုင်းနေတဲ့ ဒီနေရာဟာ ...
အမှိုက်ပစ်ရ မဲ့ နေရာ ....
ဘာကိုများ လက်ရုပ်ထိုးပြီး က ချင်နေရတဲ့ တိမ်တိုက်တွေလဲ ....
စမ်းသပ်မှုဟာ ငါ့လက်ဖဝါးအနီရောင်ထဲမှာ သိသိသာသာကို ကျရှုံးခဲ့ပါတယ် .....
မအောင် မြင်ဘူး ....
ငါတို့ဟာ မြို့နဲ့ နီးနီးနားနားမှာ ထွင်းထုထားတဲ့ စေတီတွေဆိုတော့ ....
မြို့ ပေးစာ မြို့ ကမ်းစာနဲ့ ချမ်းသာနေတဲ့ ရွှေချပြီးသား လက်အုပ်ချီစရာတွေဖြစ်တယ် .....
ဟိုးဝေးဝေးက တောင်တန်းတွေပေါ်မှာ
ထုံးဖြူဖြူသုတ်ပြီး ကိုးကွယ်ခံချင်နေတဲ့ ဆင်းရဲသား ဘုရားတွေ ကတော့
လေကောင်း လေသန့် ရမယ်ထင်ပါရဲ့ .......
ဖြေးဖြေး ကလေးပဲ ဖြေရမဲ့ ပုစ္ဆာ တစ်ပုဒ်ပါ ......
ငါတို့တွေ အလောတကြီး ဖြေခဲ့လို့များ
စာရွက်သိမ်းမဲ့ခေါင်းလောင်းကကြိုမြည်ခဲ့တာလား ......
မထူးဆန်းပါဘူး ....
အထူးအဆန်းတွေ သေဆုံးချိန်မှာ .....
စက္ကူအဖြူရောင်တွေ ထုံးသုတ်ပြီး အုတ်ဂူပေါ် ငါတို့တင်ခဲ့ပြီးသားပဲလေ ...
ညကို သတ္တိရှိရှိ မှောင်ချ ခိုင်းဖို့
ငါတို့တွေ ဘယ်နှစ်ကမ္ဘာလောက် ဖြောင်းဖျပေးခဲ့ရလို့လဲ .......
မေးစမ်းပါဟာ ....
မေးလိုက်စမ်းပါ ....
အသိဉာဏ်တွေ ဖြုံးတီးပစ်ရတာလောက်
ဘဝမှာ ပျော်စရာကောင်းတာ ဘာရှိလိမ့်မလဲ ......
လက်ပစ်ဗုံးကို ပန်းတွေထဲမှာ အသေအချာ ဝှက်ထားခဲ့ပြီးပြီပဲ ...
ဇီဇဝါကို ပြောရအုံးမယ် ငါ့အတွက် ကစား စရာတွေ ချန်ထားခဲ့ပါအုံးလို့ ... ။
Friday, June 8, 2012
မေဦးပေါက်တဲ့ စာကလေး
စက္ကူစ ကို ခွာလိုက်တဲ့ အခါ အသားတွေ ပဲ့ပါသွားလို့
နှမျောနေတဲ့ လေသံနဲ့
ခင်ဗျားက
မန္တလေးတောင် တက်လိုက်
စစ်တောင်းမှာ ဒိုင်ဗင်ပစ်လိုက်
ခဏခဏ ခိုးခိုးစားရလို့
လက်မရွံ့တော့တဲ့ တရားဝင် သခိုးကြီးများ
မူး တစ်ရာ
မတ် တလှည့်
ဟယ်လို … တက်စ်တင် .. ဝမ်း .. တူး .. သရီးးးး
လော်စပီကာကိုပဲ အသံညှိလို့ မပြီးနိုင်ဘူး
သက်တန်းကုန်သွားတဲ့ လက်မှတ်တွေပဲ
ထိပ်တွေဖြဲဖြဲ နေရတယ် …
မကြားမှာ စိုးလို့
ကုန်ကုန်အော်နေရတဲ့
အမျှတွေလဲ မရနိုင်ဘူး …
တော်လှန်ရေးကိုမှ ထမီဝတ်ပြီး
လုပ်လုပ်ပြနေရတော့
မိုးလင်းခါစ ဖြတ်သွားတဲ့ ရထားဘေးက
ခွေးတွေပဲ အူအူ အူ လို့ မဆုံးနိုင် …
လက်ခေါက်ကို မှုတ်ပြီး ခေါ်နေတာလဲ မကြား
လက်ခုပ်ကို နာနာတီးပြီး ခေါ်နေတာလဲ မကြား
နာမည်ကို အကြီးကြီးပေါင်းပြီး ခေါ်နေတာလဲ မထူး
ဒါဆိုရင်တော့
ချင်းတွင်း လေထဲက ငှက်တွေပဲ အသံကုန်သွားပုံရတယ် …
ငါ့ဘုံကို ငါပြန်ရှုကြည့်တော့
မခြောက်သေးတဲ့ လောက်စာလုံးကို
ဂွစောင်းနေတဲ့ လေးနဲ့ တင်မိမှတော့
ဘယ် မီးငှက်ကိုများ မိချင်နေသေးတဲ့ …
သောင်ပြင်ဖွေးဖွေးပေါ်က အစိမ်းရောင်ခြေရာတွေလဲ
ရေတက်ရင်တောင် ဖြတ်ချင်လို့ မပျက်နိုင်တော့ဘူး ..
ချစ်လို့ မရ
မုန်းလို့ မရ
အဲ့ဒီ့ သူတောင်းစား ကလေးတွေပဲ
ကမ္ဘာကို ပြပြ ပြီး တောင်းစားနေရတဲ့
ကိုယ့်ဒူးကိုယ်ချွန်ခေတ်တွေလဲ ကုန်ကုန်နေရတယ် …
မျက်လုံးအစုံကို လေတိုးတဲ့ ဖက်
နဲနဲ ကလေးလှည့် မယ်မှ မကြံသေးဘူး
နားထဲက လေတွေ ထွက်လိုက်တာမှ တ ဟူး ဟူး
ငါမုန်းတဲ့ သ နံ နဲ့ ထ နံကို
မေတ္တာတော်ပို့စေဖို့
ရန်ကုန်တက်ပြီး ဘုရားရှာသော်လည်း မတွေ့ …
ဘကြီးတော်ရဲ့ မိန်းမယုတ်တွေ
ပြန်ပြန်စဉ်းစားတိုင်း
ငါနဲ့ မဆိုင်တဲ့ အုတ်ကျိုးတွေပဲ
ပြန်ပြန်စီလို့ မကုန် ….
အခြားဘုံက
မိန်းမ များ တွေ့ရင်
လှည်းခင်းတစ်ရာ
ရေတစ်မှုတ်နဲ့ ခြေဆေးဖို့
ဖုန်လုံးတွေရှုပ်စေခဲ့ဖို့
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို
မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ် ….
တိရစ္ဆာန်မွေးပါ
သစ်ပင်စိုက်ပါ
ဒါတွေက
သေခါနီးမှ လုပ်ရမယ်လို့
ဘယ်သူက မှားထားခဲ့လို့
ပြိုနေတဲ့ မိုးကို မနက်တစ်ခင်းစာနဲ့
ပြန်ပြန် ဆောက်ဖို့
ဓါးလိုတယ်
တုတ်လိုတယ် ပဲ အော်အော်နေကြတယ် …
စောက်ကလေးတွေ
နင်တို့ ကိုယ်တိုင်လာ လုပ်ကြပါလား
ငါ့မှာ လက်မအားသေးဘူး …
မေဦးပေါက်က
စာကလေးတွေ အိမ်ရှေ့မှာ
လာလာ အော်နေကြတာ
စောက်ရမ်း နားညီးလွန်းလို့
ဘီဘီစီတို့
အာဖက်အေတို့ကို
အကျယ်ကြီးဖွင့်ဖွင့် ထားတဲ့ အဘိုးကြီးက
လေ မကုန်သေးတဲ့ လေသံနဲ့
သူက အင်တာနက်ပေါ်မယ် တက်မယ်ဖွမယ်ပဲ တဂဲဂဲလုပ်နေကြတယ် …
လူကြီးကြိုက်နဲ့
လူငယ်ကြိုက်
ဘယ်ဟာကို လိုက်လုပ်ရမယ်မှန်းမသိတဲ့
ကဗျာ အထီးတွေ ကဗျာ အမတွေပဲ
အဲ့ဒီ ရေလုံပြုတ်ခွက်ထဲမှာ ပေါ်ပေါ်လာတယ် …
ဒါနဲ့
ခွေးရူးတစ်ကောင် လွတ်သွားတဲ့
လောကထဲက ညနေခင်းကြီးကို
ငါက သွားသွား ကြီးမြတ်နေရတယ် …
ထုံးစံအတိုင်း
သူတို့လိုပြောချင်ရာပြောနေရဖို့
မိုက်ခွက်ကြီးကြီးကို ရှာရအုံးမယ်လို့
ရွာဦးကျောင်းက ကျပ်မပြည့်တဲ့ ကိုရင်ကြီးက
မကျည်းပင်အောက်မှာ ကွေးရင်း တွေးနေတယ် …
အရှေ့တိုင်းဆန်တာတွေ ပါရမယ်ဆိုလို့
ပုဂံက ဖြတ်ခိုးလာတဲ့ ဘုရားခေါင်းတွေကို
သူ့အိမ်မှာအလှဆင်ဖို့
ငါ့ဟိုတယ်မှာ အလှထားဖို့
လာလာလုနေကြတဲ့
မေဦးပေါက်က စာကလေးတွေအတွက်
ငါ့အိမ်ရှေ့က ကွင်းပြင်မှာ
ဆန် တွေ ပဲ ကွဲ ကွဲ ပြီး ကျဲ နေရတယ် …. ။
Thursday, May 10, 2012
မ ... သမာအာဇီဝ
သူတို့တွေ တီထွင်ပြီးသား
သူတို့တွေ ရှာဖွေပြီးသား
သူတို့တွေ တွေ့ရှိခဲ့တဲ့ သူတို့ပညာတွေ
သူတို့တွေ ယုံကြည်တဲ့ ကိုးကွယ်ရာတွေ
သူတို့တွေရဲ့ တတ်သိစိတ်တွေနဲ့
မင်းရှေ့ဆက်လို့ မမုန်းနိုင် မမော နိုင်ဘူး ...
ဒါတောင် သူတို့တွေအတွက်
မင်းကိုယ်မင်း အလုပ်လုပ်ပေး ကျွန်ခံပေးနေရတာကိုပဲ ..
လူတကာရှေ့ခဏခဏ ထုတ်ပြောပြီး ဂုဏ်ယူနေရသေးတယ်နော် ...
ဘယ်မှာလဲ မင်းရဲ့ ကိုယ်ပိုင် သန့်သန့်စင်စင် တီထွင်ပြီးသားတွေ
ဘယ်မှာလဲ မင်းရဲ့ ကိုယ်ပိုင် သန့်သန့်စင်စင် ရှာဖွေပြီးသားတွေ
ဘယ်မှာလဲ မင်းရဲ့ ကိုယ်ပိုင် သန့်သန့်စင်စင် တွေ့ရှိခဲ့တဲ့ ပညာတွေ
ဘယ်မှာလဲ မင်းရဲ့ ကိုယ်ပိုင် သန့်သန့်စင်စင် ယုံကြည်တဲ့ ကိုးကွယ်ရာတွေ
ဘယ်မှာလဲ မင်းရဲ့ ကိုယ်ပိုင် သန့်သန့်စင်စင် တတ်သိစိတ်တွေ ....
ဒါတောင်
သူတို့တွေ တစ်နှစ်ပြီး တစ်နှစ်တီထွင်လိုက်တဲ့
သိပ္ပံပညာတွေ ဒဿနပညာတွေ ကို
မင်းတို့က မရှက်မရွံ့
တက္ကသိုလ်တွေတက် ဒီပလိုမာတွေယူ နေကြတာ
မင်းမျိုးဆက်ပေါင်း ဘယ်နှစ်ခုတိုင်နေပြီလဲ ...
ဘယ်မှာလဲ
မင်းရဲ့ ကိုယ်ပိုင် သန့်သန့်စင်စင် ရှာဖွေခဲ့တဲ့ ပညာအစင်တွေ ...
တခြား နိုင်ငံက လူတွေကရော
မင်းမှာ ပညာရှိခဲ့ရင် တလေးတစား သင်ကြားနိုင်ကြရဲ့လား ....
သူတို့ ရှာဖွေတဲ့ ပညာကို ပိုက်ဆံပေးပြီးသင်...
သူတို့ ရှာဖွေတဲ့ ပညာနဲ့ မင်းကပညာတွေတတ်လာတော့..
သူတို့ဆီမှာ ကျွန်ခံပြီး အလုပ်ကိုလုပ် ...
ရလာတဲ့ အမြတ်အစွန်း နည်းနည်းနဲ့ ဓနကြေးငွေကို
ချွေးနဲစာလို့ တံဆိပ်ကပ်ပြီး
မိသားစုကိုလုပ်ကြွေး
ဒါနဲ့ပဲ ..
နိဗ္ပာန်ဆိုတာကိုလဲ ရည်မှန်းတတ်လို့ ...
ဘုရားဖြစ်မဲ့ အုတ်ခဲလေးတွေလို
ဆုတွေတောင်ခြွေတတ်နေခဲ့ပေါ့ကွာ .....
မင်းတို့အတွက် ငါတို့အတွက်
ဂုဏ်ယူလိုက်တယ်လေ ....







