Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Saturday, November 3, 2012
သန္ဓေ ရင်းတိုက်
လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
ဖုတ်သွင်းရထား နဲ့ မဟူရာ ဘူတာ
ဦးနှောက်တဲ့ အသက်ရှု တံ
သွားလေရာ သံချေးကိုက်နေတဲ့ အပ်တွေကိုမသုံးဘူး
သွားရည်တွေ ကျတိုင်း လိုက်ထိစပ်တွယ်ညှိမနေဘူး
ဦးနှောက်တွေဟာ ဆေးကို တကယ်အလိုရှိလို့
အားဆေး ဆိုပြီး ညာညာ တိုက်နေကြ
ငါ့ကိုယ်ငါ လုံခြုံမှုကို ငါ့ကိုယ်ငါ ထက်တန်ဖိုးထားလို့
ဆေးသမားဟာ ဦးနှောက်ကို ဖောက်စားဖို့ကြောက်ရွံ့နေတယ်
သတ္တိမရှိတဲ့ ပညာတတ်တွေရဲ့ အပ်ချောင်းထဲမှာ
ဆေးသမားဟာ ဉာဏ်မရှိသလို လွှန့်လူးမနေဘူး …
တစ်ရွက်ခြင်းစီဟာ သန့်ရှင်းလတ်ဆတ်လွန်းလို့ …
ဦးနှောက်ကြီးဟာ အဟာရတချို့ကိုဖယ်ထုတ်ထားရတယ် …
ဒါဟာ ဆေးသမားလောက် ဉာဏ်ရှိတဲ့ ဆေးသမားမျိုးကို
ဘာလို့ ဒေါက်တာဘွဲ့ထူးတွေ မပေးနိုင်တာလဲ …
ဆေးသမား ကောင်းစွာ ငြင်းဆန်ခဲ့ပါတယ် ….
ပညာရှိဖို့ထက် ဦးနှောက်ရှိဖို့ကို ဆေးသမားက
ကောင်းစွာဦးစားပေးလိုက်လေရဲ့ …
ဘိုးဘွားတွေရဲ့ ဆယ်နှစ်ရာသီမတိုက်ထားတဲ့ သွားကြားကအမျှင်ကို
ဆေးသမားကကောင်းကောင်းကလေးဆွဲထုတ်ခဲ့တယ်
ငါမသေဘူး ငါမရူးဘူး ငါနောက်မလိုက်ဘူး
ငါဟာ သူတို့တွေ အသက်ရှုထုတ်လိုက်တဲ့အနံ့ကိုမခံမရပ်နိုင်လွန်းလို့
ဆေးသမားအဖြစ်နဲ့ နှာခေါင်းတွေကို သန့်စင်တဲ့လေနဲ့ လုံခြုံမှုပေးခဲ့တယ်။
ဆေးသမားမှာ အမှန်တွေအမှားတွေရှိဖို့ မလိုအပ်လွန်းလို့
ဘေးမှာထိုင်ပြီး စောက်ခြောက်သီချင်းတွေနားထောင်နေတဲ့ကောင်ကိုစားလိုက်တယ်
အရိုးတွေဟာခါးလွန်းလှလို့ ဦးနှောက်ကြီးကထွေးထုတ်လိုက်တယ်
ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး
အမုန်း
အလှတရားဟာမှောင်လွန်းလှလို့
ဘဝကိုတိုးတိုးကလေးရယ်မိတယ်
ခွေးတွေနဲ့ကစားစရာတွေ
တိုက်ခန်းနံပါတ်ကိုပြောပြောပြီး
အချစ်
ဗုဒ္ဓကိုချစ်တယ်
တရားဟာမှောင်လွန်းလှလို့
လောကကိုတိုးတိုးကလေးရယ်မိတယ်
ခြေလှမ်းတွေနဲ့အသက်ရှုသံတွေ
ခုနစ်ရက်နံပါတ်ကိုဟောဟောပြီး
အချစ်
လိင်အပေးအယူနဲ့မိန်းမကိုချစ်တယ်
အခန်းဟာမှောင်လွန်းလှလို့
ရမ္မက်ဟာတိုးတိုးကလေးရယ်မိတယ်
အရေပြားတွေနဲ့ငွေကြေးတွေ
မိဘနံပါတ်ကိုတွက်ချက်ပြီး
အချစ်
မသန့်စင်ခြင်းကိုချစ်တယ်
သန့်စင်ခြင်းဟာမှောင်လွန်းလှလို့
အလင်းကိုတိုးတိုးကလေးရယ်မိတယ်
ပဝါအနားသားတွေမျက်နှာဖုံးတွေ
အချစ်
စိတ်ကိုချစ်တယ်
အမှောင်ဟာစိတ်လွန်းလှလို့
အသိဉာဏ်ကိုတိုးတိုးကလေးရယ်မိတယ်
စိမ့်ထွက်လာတဲ့နံရံတွေမျှတတဲ့အရှုံးတွေ
အမုန်း
အချစ်တွေကိုမုန်းတယ်။
မိုးရာသီ (မြန်မာသံစဉ်)
ရထား အပင်ပေါ်မှာ အကျိုးပြု မီးခိုးတွေက အူလို့
သောက်သုံးရေလိုနေတဲ့ မျက်နှာထားများနဲ့
လမထွက်တဲ့ ဟင်းလင်းပြင်မှာ
ခွေးတွေလဲ အူလို့ ဆူကြတယ်
ဘယ်လောက်ပြောပြော အမှတ်မရှိတဲ့ ကျည်တောက်တွေ
ရပ်အကျိုး ရွာအကျိုး သယ်ပိုးကြဖို့
စနေနေ့တိုင်း ထထလှဲနေတဲ့
ဥပုတ်သည်ကြီး လည်မှာ ဘာတွေများဆွဲထားပါ လိမ့်ကွယ်
ရေကျော်အရပ်မှာ လေးနေခဲ့တဲ့ ပဲဟင်း အရေကျဲတွေ ကရော
မွေးခါစ တောအုပ်ထဲက မီးတွေကိုပဲ မွှေးမွှေးနေကြသလား
ငါချွတ်ခဲ့တဲ့ စွတ်ကျယ် ဂျိုင်းအပြဲကလေး
ဘယ်နားမှာများ တင် မိခဲ့သလဲ
ကြားဖူးချင်ယောင်ဆောင်ခဲ့တဲ့ လေသံထဲမှာ
အရှေ့ရိုးမက မိုးတွေပဲ သွေးတိုး နေရတယ်
ဂျာနယ်ထဲမှာ ပါနေကြ စကားလုံးတွေကို ချက်ကြွေးပြီး
ဧည့်ခံရမယ်ဆိုရင် ဘုန်းကြီးတွေ အီနေကြမှာ စိုးတယ်
လေတွေများ အစမ်း တိုက်မိ လိုက်သလား
ဘာကိုများ သေသေချာချာကြားချင်နေတဲ့
အသိဉာဏ် အပိုင်း အစ တွေလဲ
လက်မဦးသေးခင်က
ကျောက်ဒိုးတွေကြီး ပိုက်ပိုက်ပြီး
င နဲ့ ငါ ကိုများ Patterns တွေခွဲခွဲပြီး စီစီထားတာလား
မိုးကောင်းတုန်းမှာ စာအုပ်တွေ ထုတ်ထားကြပြီး
မြစ်ကျိုးတုန်းမှာ လှေလုပ်စီးကြမဲ့ စက္ကူလှေတွေ
အများကြီး …. အများကြီး …. အများကြီး
ပျော်ပျော်ကြီးကို လက်ခတ် မှန်မှန်နဲ့ ညံ လိုက်ပါတယ်
ကတို့ ခ တွေ ကျန်အောင်လို့
တစ်ကောင် အော်တိုင်း လိုက်လိုက် အော်နေတဲ့ ဖားတွေ
ငါ့ အိမ်ရှေ့ ပိန်းပင်အောက်မှာ ငယ်သံပါအောင် ဆူကြတယ်
မိုးတွင်း အခါမို့
ရေမငတ်အောင်လို့ ပေါင်ပေါ်အောင် လိပ်တင်ထားတဲ့ အတွေးကို
ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ
စိတ်လိုလက်ရ လေမလည်နိုင်တဲ့
ဒီလို ဥတုရာသီမျိုးမှာ
ရွာနေတဲ့မိုးကို ငါက လက်ဆိပ်တက်အောင်သာ
ဆိတ်လိုက်ချင်ရဲ့လေ
ငယ်ငယ်ထဲက မ၀ ခဲ့တဲ့ ရာထူးကို
သေခါနီးမှ ၀ ၀ လင်လင် စို့စို့နေကြတဲ့
ဝက်အိုကလေးတွေ ကြောင့် ခွေးအိုမကြီး မျက်နှာတောင်
ပိန် လို့ ချုန်း လို့
ပုတ် လို့ ခတ် လို့ ရိုက်ခတ်လာတဲ့ လှိုင်းတွေက
သေလောက်အောင်မာတဲ့ ကျောက်ဆောင်တွေကို
စား ….. စား …… စား …… စား
နွံနစ်သွားတဲ့ ပတ္တမြားတွေ အပင်ပေါက်လာတော့
ရထားလမ်းပေါ် ရေကျော်ထားတဲ့ အထာ နဲ့
သွေးထဲမှာ ဂျာနယ်လစ်စ် အတု တွေ ရောရောပြီး
Ethic တွေ အလပ်ဂျစ် ဖြစ်နေကြတယ်
ကုရာနတ္ထိ ဆေးမရှိပါပဲ
မိုးရာသီမှာ ပိုးပေါင်းစုံထ တဲ့ စုံတောမြိုင်ကြီးထဲ
Intro ကို စန္ဒရားသံ လေးလေးကြီးနဲ့
ကျနော် ချစ်သော မိုးရာသီ ဆိုပြီး စန္ဒရားလှထွဋ် စတိုင်နဲ့
ငါက မြန်မာသံလေးလေးကြီးကို ညည်းလိုက်လေရဲ့ ။



