Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Friday, November 29, 2013

ငါမျိုး ငါရိုး



သူ့ကိုယ်သူ ရှင်ပြီ ထင်ပြီး 
သေသေ နေရတဲ့ အမျိုး
တောမှာ ဂျိုကျိုးနားရွက်ပဲ့ နဲ့ 
အာရုံတက်တိုင်း တွန်တွန် နေတတ်တဲ့ အရိုး


အဆွေတွေ အပေါင်း နဲ့ အနုတ် နဲ့ အမြှောက် နဲ့ 
စားစား နေရတဲ့ အမျိုး
နိဗ္ဗာန်သာ ရောက်မယ် ဆိုရင် အရိုးတွေ အကုန်ဖယ်ပြီး 
အသားတွေကြီး လှူမယ်ဆိုတဲ့ အရိုး


အရိုး ကိုသာ လာမထိ ရင် အမျိုးတွေကို 
တစ်သက်လုံး အရိုးထဲ လှောင်ထားမယ် ဆိုတဲ့ အမျိုး
ယဉ်ယဉ်နဲ့ကျေးကျေးနဲ့ ရိုးရိုးနဲ့ရာရာနဲ့ အတွဲလိုက်ဖြုတ်ထားတဲ့ အရိုး 
rhyme တွေဘယ်တော့မှ မကျိုးတဲ့ အရိုး


ဇာတိမာန်တွေ တစ်ကွင်းလုံး ထက်သန်စေဖို့ 
အားအားရှိတိုင်း အားယားနေတဲ့ မျိုးချစ်ကြီးတွေ 
ကွေးအောင် ကနေကြတဲ့ အမျိုး
အမျိုးတွေ သာ ခေါ်မယ် ဆိုရင် အရိုးတွေ ကျေလို့ အရေခမ်းခမ်း 
အကန်းကမ္ဘာမှာတစ်သက်တာ ထာဝရနေမယ်ဆိုတဲ့ အရိုး


အပြောင်းနဲ့ အလဲကို ပါးစပ်ကသာ အကြိုထောက်ပြီး 
အိမ်အောက်က ကြမ်းပြင်မှာ 
သူ့အမေလင်တွေဝှက်ဝှက်ထားတဲ့ အမျိုး
သူ့ကိုယ်သူ ရိုးလှ ပြီ အထင်နဲ့ နိုင်ငံတကာ က ဝင်လာသမျှ ကို 
လက်အုပ်ချီပြီ ထိုင်ထိုင်ဆဲနေတတ်တဲ့ အရိုး


ဂေါင်းတွေသာ စက်နိုးလို့ရရင် ဘာ ဂေါင်းက ဆွဲဆွဲ 
အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး
သူ့အမေကလဲရိုး သူ့အဖေကလဲရိုး 
သူ့ညီရိုး သူ့ညီမရိုး
အရိုးပေါ်အရေတင်ရုပ်နဲ့ အရိုး Family အထုတ်ကို 
TV တွေပေါ်တက်တက် ဖြည်ပြနေတဲ့ အရိုး


နေထွက်တာကို အကြီးကြီး အော်ရယ်ပြီးမှ 
လ ထွက်မှာ ကြောက်လို့ တစ်မျိုးလုံး ဝါးလုံးခေါင်းထဲ 
ဝင်ဝင်ပုန်းနေတတ်တဲ့ အမျိုး
သူ့စိတ်ကို သူမနိုးခင် သူ့အရိုးကို သူချိုးပြီး 
သူလဲပဲ နိဗ္ဗာန်မှန်းလို့ သူ့တစ်မျိုးလုံးကို အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ လှူခဲ့တယ်



nelay





Tuesday, November 26, 2013

အိမ်ထမင်း အိမ်ဟင်း



ခြေထောက်လက်ထောက် ဆေးပြီးပါပြီ 
ငါ့ ကို ကြွေးမယ့် ထမင်းထဲမှာ 
အဆိပ်ပါသလား အဆီပါသလား

ကမ္ဘာမြေပေါ် ဥက္ကာခဲ ကျလို့ 
စတော်ဘယ်ရီ သီးတွေ မဲ ကုန် ရတယ် ဆို 
TV ကို ပိတ်လိုက်စမ်း ပါ

ထမင်းစားနေရင် Digital အသုံးအနှုန်းတွေ 
ဝှေ့ဝှေ့ ဝင်လာသမျှ ကို မဖမ်းနိုင်ဘူး

ငါ့ ကိုယ် ငါ ဆောက်တည်ရာ မရ ဖြစ်နေရတဲ့ ကြားထဲ 
ဟင်းရည်တွေ က ဘာလို့ ဒီလောက်တောင် ပူနေရသလဲ

ငါ နဲ့ ငါ ကြားက ချုပ်ရိုး ကြောင်းကို 
ဖြေ ပြီး 
စားပြီး သမျှ ကို ရှင်း ရမယ် ဆိုတော့ 
မင်း မျက်နှာ က ဘာဖြစ်သွား တာလဲ

ငါ့ ကိုပြောစမ်းပါ 
ငါ့ ကိုပြောစမ်းပါ 
ငါ့ ကို ပြောစမ်းပါ 
အဲ့ဒီ နေ့ က ဘာ ဟင်းနဲ့ စားခဲ့သလဲ

ဟို လမ်းဘေး က ဝက်သားဟင်းကို 
Social network ပေါ်မှာ 
သာကူစေ့သံကောင်နဲ့ ရောပြီး 
စားခဲ့တယ်လို့ဖြေစမ်းပါ ဖြေစမ်းပါ 

အဲဒီလို ဖားချင်တဲ့ မျက်နှာနဲ့များ 
စားပွဲထိုးလေးကို ပိတ်ပိတ် ဟောက်နေရတယ်လို့

မိမဆုံးမ ဖမဆုံးမ ရာသီဥတုကြီးက 
ဘယ်လိုကြီးမှန်းမသိဘူး 
ဒီအချိန် 
ကြက်ဟင်းခါးသီးလေး တို့ လိုက်ရရင်ကောင်းမှာ 

စက်ပစ္စည်းဆိုတာ 
ပျက်တတ်တဲ့ သဘော ရှိနေတော့ 
မေမြို့ ကိုလဲ မပြင်နဲ့တော့ 
ဒီဇင်ဘာကိုလဲ မဖြုတ်လဲနဲ့တော့

အလကား လာချပေးတဲ့ 
ငပိရည်တို့စရာ ထဲက 
မချစ်စုတွေပဲ တို့စားလိုက်ပါတော့

ပလတ်စတစ် အိတ်ထဲ 
ကြက်သွန်ကြော်တွေ 
သိပ်များနေတဲ့ ငါးကျည်း ကြပ်တိုက် ကို 
3D ရုပ်ရှင်ရုံထဲဖောက်စား


ဟင်းဆိုတာ 
ပြောင်းဖူးအစေ့ကလေးတွေနွာပြီး 
ပြုတ်ထားတာရယ်
မြေပဲပြုတ် အခွံခွာ 
ပြုတ်ထားတာရယ် 
လက်ဖက်ဆီစိမ်လေးရယ် 
ငါးနီတူခြောက်ကလေးရယ် 
ဆတ်သားခြောက်ကလေးရယ် 
ကြက်သွန်ဖြူရယ် 
ဒညင်းသီးရယ် 
ငရုတ်သီးရယ် 
ရောထားလဲ ဖြစ်တာပဲ

ငါတော့ ဒီလ ကုန်ရင် 
အိမ်ခဏပြန်အုံးမယ် 
ထမင်းအိုး တည်ထား 
၆ နှစ် လောက်ရှိတော့မယ်

ငါထင်ပါတယ် 
အားလုံး သိုးကုန်ပြီ ဆိုတာ

မတတ်နိုင်ဘူး 
နံရိုးပေါင်း တစ်ပွဲ ဝယ်ပြီး 
ငါ့ နှစ်ကာလ များကို 
ကြွေးရတော့မှာပဲ



nelay





Wednesday, November 13, 2013

ငါ့ ကြက်ဥ ကို ဘယ်သူနေရာ ရွှေ့သွားသလဲ



ဒုက္ခိတ တွေ ပတ်ပတ်လည် ဝိုင်းနေတဲ့ ကြက်ဥကြော်မှာ ငရုတ်ကောင်း မှုန့် နဲနဲ ဖြူးထားတဲ့ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းကို လမ်းဘေးမှာပဲ လုပ်တယ်ပေါ့ အဝေးပြေး လမ်း မကြီး ပေါ် ကျကွဲ သွားတဲ့ တောကြက်ဥထဲ လမ်းပြပလိပ် ရဲ့ ဝီစီ သံဟာ echo သံနဲ့ အဝေးကြီးကိုပါသွားတယ်ပေါ့ လေယာဉ်ပျံပေါ် က ပစ်ချ လိုက်တဲ့ ကြက်ဥ ဟာ လေတိုက်နှုန်း 35 percent မှာ အကောင်ပေါက်လာတယ် ပျံတယ် ပျံတယ် ပျံတယ် တောဘဲ တွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် နဂါးတွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် ရွာက နွားကြီး လို ပျံတယ် ဒယ်အိုးထဲ မှာ ပိုးလိုးပက်လက် လန် လို့ ကြက်ဥကြော် ဟာ ပျံတယ် ဒါဟာ အစမ်းလေ့ကျင့် ရေး လုပ်နေတာ မဟုတ်ကြောင်း မပူသေးတဲ့ စားအုန်းဆီ ကို ပြောရတယ်ပေါ့ ကြက်ဥကြော်ကို အကြောင်းပြ ပြီး လွမ်းပြ နေတဲ့ မိန်းမတွေ ကြက်ဥကြော်ကို အကြောင်းပြ ပြီး ငိုပြနေတဲ့ ယောက်ကျားတွေ ကြက်ဥဟာ ကျောက်ဒိုး ပစ်လို့ ဂေါင် ထိသွားတဲ့အခါ ကွဲ သွားတဲ့ အရသာ အတိုင်းပဲ သမိုင်းထဲမှာ ကြက်ဥကို ကြော် ရီနေးဆန်း ခေတ်ထဲမှာ ကြက်ဥ ကို ကြော် ကျောင်း မှာ ကြက်ဥကို ကြော် တက္ကသိုလ် မှာ ကြက်ဥ ကို ကြော် ရထားပေါ်မှာ ကြက်ဥ ကို ကြော် တူး နံ့ တွေဟာ မဲနက်လို့ ဇွန်းပေါ်မှာ ကပ်ကုန်ပြီ အစာအိမ်ထဲမှာ ကပ်ကုန်ပြီ ဦးနှောက်ထဲမှာ ကပ်ကုန်ပြီး ခွာ မရတဲ့ အမှေး ပါး ပါး လေး ကို ကြက်ဥ အကာ ပေါ် က အတင်း ခွာ နေတယ်ပေါ့ လေးခွ ထဲ ထည့် ပစ်ဖို့ ကြက်ဥ ကို ဖွဖွ ကလေး ကိုင် ထည့်လိုက်တယ်ပေါ့ မကျက်တကျက် ပြုတ်ထားတဲ့ ကာကျက် ထဲမှာ အနှစ်ဆိုတာ လေ သလပ် မခံရဖို့ အမြဲစိမ်းသစ်တော တွေနဲ့ အုပ်ထားရတယ် လည်ပင်းမှာ ကြိုးတပ်ပြီး ကြက်ဥ တွေနဲ့ လမ်းလျှောက်ထွက် ကြတဲ့ အခါ အသိတွေ့ ရင် လက်ဆောင်ပေးဖို့ ကြက်ဥ ကိုလဲ ကြော်ထား ရတယ်ပေါ့ ငါ့ ကြော်ခါ နီး ကြက်ဥကို ဘယ်သူတွေက နေရာရွှေ့ လိုက်ကြသလဲ ဟေ့



nelay