Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Friday, March 15, 2013

တွမ်တီဖိုး ဆဲလ်ဗန်း ဒူး ချွန် နေတဲ့ အသံ



ဆက်တင်ကို အကြီးကြီး ဖွင့်ထား ရတယ်
မျက်မမြင်တွေ ဝင်နိုင်အောင်လို့
အလင်းတံခါးမှာ စာတန်းထိုးထားတယ်
‘‘တစ်သောင်း ဖိုး ငါးလုံး
ရောင်းမဲ့ စကားလုံးတွေ အပိုင်မယူရ’’
မကျက်သေးမှာ စိုးလို့ ပြန်ပြန်နွေးစား နေရတဲ့ စိတ်ဓါတ်တွေမို့လား
မနက်ခင်းမှာ ထမင်းရှင်တွေ သက်တောင့်သက်သာရှိဖို့
ရေဗုံးတွေဖြည့် အခင်းကြီး အခင်းလေးတွေ လဲ ရှင်းထားရတယ်
လက်ဆေးဇလုံ ထဲမှာဆိုတော့ ဟင်းနှစ်တွေနဲ့ အဆီတဝင်းဝင်း
မျက်နှာကျက် က ပိုးတွေကိုလဲ ရှင်းပြီး အခန်းလင်းထားပါ့မယ်
လေသံကိုလည်း မှန်နိုင်အောင်လို့
သွေးရောက်နေတဲ့ နထင်မှာလဲ ခေတ်ဆိုတဲ့ စကားလုံးကို ကြီးကြီးထားပါ့မယ်
တပည့်တော်ရဲ့ ဝုန်း ခနဲ တစ်ခါ ဘုံး ကနဲ တစ်လှည့်
အတက်အကျတွေ မြန်မြန်နေလို့ အကြောင်းမပြည့်စုံတဲ့ တရားကို
ဗလာစာရွက်ပေါ်မှာ အလုံး ငါးဆယ် ရေးထားပါတယ်
လမ်းတည်ရာ ပက်လက်ဖေါင်းပေါ်က ကွမ်းနှစ်ယာလောက်ဝါးမိရင်
ကယ်ဆယ်ရေးတွေ လုပ်ချင်လာလို့ မပြီးသေးတဲ့ တံတားပေါ်က ခုန်ချခဲ့တယ်
လက်မပါတဲ့ နှုတ်ဆက်ခြင်းတွေနဲ့
အထက်အောက် ကင်းကွာနေတဲ့ ကြိယာဝိသေသနများ
အိပ်စက်ခြင်းကို အနိုင်ယူလိုက်တဲ့ ညစောင့်တပ်မတော်ကြီးက
သွားတုတပ် ထားတဲ့ အမှောင်ကိုများ ပုံပြောပြနေရတယ်



nelay





သူ့လို လူ



သူက လူယုံတွေ နဲ့ မပေါင်းတော့ဘူး
သူ့မှာ ခဏခဏ အသတ်ခံရလို့
အခု သူက လူရံတွေ နဲ့ ပဲပေါင်းတော့တယ်
သူ့မှာ စာအုပ်ကြားထဲ ညှပ်ညှပ်ထားတဲ့ အရွက်တွေပဲ 
ခဏခဏထုတ်ကြည့် နေရလို့ ….
စာအုပ်ကြားထဲက အရွက်ကလေးတောင် ခမ်းခြောက်သွားတယ် …
အတွေ့ဆိုတာ
တစ်စုံတစ်ယောက် ခေါင်းပေါ်က ပန်ထားတဲ့ 
အကြည့်တွေ ကိုဆိုလိုတာလား
သိချင်တယ်
သူ့မှာ မြတ်နိုးခြင်းနဲ့ ပတ်သက်လို့ စိတ္တဇ က ခိုင်မာနေသလား
သူ့ကို ခြင် မကိုက်ဘူး ကြွက် မကိုက်ဘူး ….
အာရုံတွေ ကိုက်နေတယ်



nelay





ကဗျာဆရာ



ကဗျာဆရာကို လှမ်းခေါ်လိုက်တော့ ဒီကောင်က ပြန်မထူးဘူး
နောက်တစ်ခါ လှမ်းခေါ်လိုက်တော့ ဒီကောင်က လှည့်တောင်မကြည့်ဘူး
ဒါနဲ့ သူ့ကို ကဗျာထဲမှာ မေးရတယ် မင်းဘယ်ရောက်နေသလဲလို့
သူ့ကဗျာ ထဲမှာတော့ ဒီလို ရေးထားတယ်
ငယ်ငယ်တုန်းက တောင်ပေါ်မှာ စစ်တိုက်တမ်း ကစား ရတာလောက် ပျော်ဖို့မကောင်းဘူး
ငယ်ငယ်တုန်းက ကြော်ငြာတွေ တအား ပါပြီး အက တွေ တအားများတဲ့ 
ရုပ်ရှင်ရုံလောက် ရုံဝင်ငွေမကောင်းဘူး
ငယ်ငယ်တုန်းက ကနေဒီ သမ္မတဆိုတာ ကြားပဲ ကြားဖူးတာ 
အခုက ကြားလဲမကြားရတော့ဘူး မြင်လဲမမြင်ဖူးတော့ဘူး
ငယ်ငယ်တုန်းက အလိုတော်ရိဆိုတာ ဂျပန်တွေကို ဖားနေပြီး 
လူတွေကိုနှိပ်စက် တဲ့ လူလို့ပဲ ထင်ခဲ့တာ အခုမှ ပိုဆိုးမှန်းသိတယ်
ငယ်ငယ်တုန်းက …..
ဖတ်လက်စ သူ့ကဗျာကို ခဏ ချလိုက်ရတယ် …. 
ကဗျာကို ကိုင်မိတာလား လက်ပစ်ဗုံးကိုင်မိတာလား
ဒါနဲ့ သူ့ကို ဖုန်းဆက်ပြီးလှမ်း မေးရတယ် … 
ဖုန်းဆက်တော့လဲ သူက မကိုင်ဘူး
သူ့ ၃နှစ် သမီးလေးက ကိုင်ပြီး ပြောတာက ဒီလို …
“အူးအူး … ဒယ်တီ မချိဖူးးး …. ဒယ်အိုးဆရာတော်ရဲ့ … 
တရားစခန်းတွားနေဒယ် လို့ ကြောခိုင်းလိုက်တယ်’’



nelay