Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Wednesday, March 17, 2010
ရေတံခွန်ပျံပေါ်က သက်တန့်
Sunday, March 14, 2010
အရူးမြင်ကွင်းကျယ်
Monday, March 8, 2010
ဗဟိုကွဲအား ~တာရာမင်းဝေ~
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား...။
နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။
အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။
ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။
မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ
http://taryarminwaimemorial.blogspot.com/2007/08/blog-post_9837.html
တစ်ယောက်တည်းစကားပြောခြင်း ~နေမျိုး~
မိမိကိုယ်ကို ဖျော်ဖြေတင်ဆက်မှု ~နေမျိုး~
ဆိတ်အုပ်တွေကို နေ့စဉ်ကျောင်းခဲ့တယ်
နောက်တော့
နှစ်ကာလတွေကို သူ့ရင်ဘတ်ထဲမှာကျောင်းခဲ့တယ်
ပြီးတော့
စာရွက်တွေကို စကားလုံးတွေပေါ်မှာ ကျောင်းခဲ့သပေါ့
သူဟာ
မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ချစ်ခဲ့တယ်
အင်း . . . စကားလုံးတွေကိုလည်း သူချစ်ခဲ့တာပါပဲ
''ထွီ'' ဆိုတဲ့စကားလုံးနဲ့ ''ဒေဝီ'' ဆိုတဲ့ မိန်းမကိုအချစ်ဆုံးတဲ့
ဘီယာလှည်းကြီး တအီအီမောင်းနေတယ်
ဘယ်မှာရပ်ရမလဲဆိုတာ မသိဘူး
သူက
သူ့ဂေဟာရှေ့မှာ ရပ်ခိုင်းလိုက်ရဲ့
လူ့အလိုကို နတ်မလိုက်နိုင်ဘူးဆိုပေမယ့်
နတ်တွေအလိုကို သူလိုက်ခဲ့ပါတယ်
သူဟာ
ကမာစစ်ကြီးများအကြောင်းကို ဖတ်ရူပြီးငိုကြွေးခဲ့တယ်
ချာလီချက်ပလင်အတုပတိကို ဖတ်ပြီးတော့လည်း ငိုကြွေးတာပဲ
ရှိသမျှပြောင်အောင်ရူံးတဲ့ ဖဲဝိုင်းမှာ သူဟာတေးသီရဲ့
'ဘာမှမရှိတော့ဘူး . . . ဘာမှ မရှိတော့ဘူး . . . ' တဲ့
သူဟာ
ဧကရာဇ်ကြီးများဆီကိုစာရေးပြီး ညစာစားဖို့ ဖိတ်ကြားတတ်တယ်
တဆက်တည်းမှာပဲ သူ ညစာမစားရသေးကြောင်းလည်း ဖော်ပြတတ်ရဲ့
ဒါပေမယ့်လည်း သူ့စာတွေက စာတိုက်ပုံးထဲမှာ ဆွေးမြည့်သွားမြဲ
အသင့်တွေးခေါ်ပြီး ဘဝအဓိပာယ်များလိုသလောက်ရပြီ
သူဟာ . . . စီးပွားရေးဘက်ကို အဲသလို ခြေဦးလှည့်ခဲ့တယ်
ဘယ်လိုပြောရမလဲ . . . ကံနည်းတယ်
မော်ဒန်ကဗျာနဲ့အတူ နားမလည်ခြင်းတွေ ခေတ်စားလာတယ်
ဘုံပြသနာတွေအပေါ်မှာ သူဟာ အမြဲစိတ်ဝင်စားနေဆဲ
လူဝကြီးတွေရဲ့အိမ်ကို သူအလွတ်ကျက်မှတ်ထားတတ်တယ်
မိမိကိုယ်ကို ယုံကြည်ရခြင်းဟာ အကောင်းမွန်ဆုံးအရသာတဲ့
သေချာစွာပြောလေတယ်
ချိုမြိန်သောပြစ်ဒဏ်ဆိုတဲ့ပြဇာတ်မှာ
သူကိုယ်တိုင်ပါဝင်ကပြ အသုံးတော်ခံခဲ့ပါတယ်
ဒီလိုနဲ့ . . .
လူတစ်ယောက်ဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး
စာအုပ်တစ်အုပ်ဟာ မြို့တစ်မြို့ဖြစ်ကာ
မြို့တစ်မြို့ဟာ ဆူပါနိုဗာ တစ်ခုဖြစ်ခဲ့လေတယ်။
နေမျိုး
ဆူပါနိုဗာ = ကြယ်ပေါက်ကွဲမှု၊ ကြယ်သစ်မွေးဖွားခြင်း
-----------------------------------
ကဗျာမရေးနိုင်တဲ့ကာလတွေမှာ ကဗျာလိုက်ဖတ်ဖြစ်တယ်
သိပ်ကြိုက်ခဲ့တဲ့ကဗျာတွေကို ကဗျာချစ်သူတွေဆီ
ငါ့သွေးကြောတွေကို ဖောက်ထုတ်ကာမျှဝေတယ် . . .
မင်းပြုံးနေရင် တော်ပါပြီ . . .




