Pages

Friday, August 20, 2010

အမေ - သျှစ်မှူးကျော် ~ ထူးအိမ်သင် ~



အမေ …
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ


ကဗျာ …
ကဗျာ …
ကဗျာ …


သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)


ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။



သျှစ်မှူးကျော်
~ ထူးအိမ်သင် ~





ဇီဇဝါ ဝင်္ကပါ


nickbleb dehty4m




ငါ့ရဲ့ကွေးကောက်တဲ့ ဆံပင်တွေကြားမှာ
မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကိုဝှက်ထားတယ်
ငါနဲနဲချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏာန်းတွေ ပြေးလွှားနေကြတယ်


အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်ကငါ့မိန်းမဖြစ်ခဲ့ရင် ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှခွင့်တောင်းမနေဘူး


ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲ့
သန္ဓယုတ်ကိုအစာကြွေးနေရအုံးမယ်


ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပြောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး


ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်


ဖုန်ထလို့ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်


မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို ........ ဘယ်ပုံ ......... ဘယ်အသံမှ မကြား .................


တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ်ခြောက်အိပ်မက်နဲ့
လင်းမရဥယျာဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား


ငါဟာလူတွေကြားက ပြန်လာပြီးတိုင်းလူညှီစော်ကိုနှစ်ခြိုက်စွာရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တဝမ်းကွဲ သံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်


သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းထွက်သွားတဲ့ ကြိုးတွေက
ငါတော်လို့လား …………….. ငါညံ့လို့လား …………….
အမေကမီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကိုလွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကိုသောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကြ ငါ့လမ်းကလေးပေါ်က
ရေမှုံနဲ့ဖုန်မှုံတွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရီသံတွေမှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကိုပြန်ရောက်သွားတာ


၁။ နငခညေျိြူံတိေု်ူလဖခာတမြန်ုေိူ့်ေျိ
၂။ နငတသမ့ေျိုူိခလာဖထုြူြ့တူုဒုယာခထာူုြ
၃။ ုြ့ြိုူငြကငနတြင်ဖိုူခြလယာဖုူြ်ုူတနြုမ၍သစငိြသ်ေုူ


အဖြေရှာတဲ့လူတွေသေကုန်ပြီ
အမေးတွေနဲ့ ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံး မီးရှို့ချလိုက်
ငါတို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မဲ့လူတွေအတွက်ပဲလိုအပ်တာပါ


မနေ့တနေ့ကကျွန်ဘဝနဲ့ ဒီနေ့မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘဝမှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်


ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇဝါဝင်္ကပါထဲ ငါ့ကိုလမ်းကြုံခေါ်သွားစမ်းပါကွာ ။



nelay







zoe chen







Tuesday, August 17, 2010

အစိမ်း/ စိမ်း





အစိမ်းသေ
အစိမ်းချုပ်
စိမ်းစိမ်းကားကား စိမ်းရက်လေအား
မြွေစိမ်း
လေစိမ်း
နတ်စိမ်း
လူစိမ်း
စိမ်းလန်း
စိမ်းပြာ
မြင်မြင်သမျှစိမ်း
စိမ်းတာတွေကစိမ်းချင်သလိုစိမ်းလိုက်နဲ့
ကိုသိန်းတန်ရဲ့ စိမ်းသရဖူစိမ်းလည်း စိမ်းကားနေပြီ ။


သူငယ်ချင်းတစ်ယောက်ကပြောလိုက်သေးတယ်
အနာဟောင်းကို အစိမ်းလိုက်ပျိုးလိုက်တာလား တဲ့
ဘာကြောင့်များသခွားသီးကို အစိမ်းစားချင်နေရတာပါလိမ့်
သွေးလေခြောက်ခြားပြီးသွေးစိမ်းရှင်ရှင်ထွက်ပြန်ပေါ့
ကိုယ့်ဝတ်စုံကိုယ်သပ်သပ်ရပ်ရပ်ဝတ်လို့
အနေစိမ်းကြည့်လိုက်ဦးမယ် ။


စိမ်း..စိမ်း..စိမ်း
သစ်ပင်အိုကတောင် မီးစိမ်းထတောက်လိမ့်မယ်
အစိမ်းရောင်အသုံးအနှုန်းနဲ့ ညအိုပေါင်းစွာကို
မေ့မျောခြင်းတိုင်းပြည်မှာ ရှာတွေ့လို့မရဘူး
အလျားလိုက်စိမ်း ဒေါင်လိုက်စိမ်း
ပြောင်းပြန်စိမ်း ဇောက်ထိုးမိုးမျှော်စိမ်း
စိမ်း..စိမ်း..စိမ်း
ရင်ခွင်မူးသူအပြောင်းအလဲနဲ့
ဘဝကူးဖို့ အစိမ်းကျိန်စာမှာ နေ့တွေလဲထူးမလာခဲ့ဘူး
အစိမ်းရောင်ရက်စွဲတွေကဒြပ်မဲ့ပန်းချီကားတစ်ချပ်လို
စိမ်းစိမ်းစိုစို ။


ဘယ်ဘာသာနဲ့ထုတ်ဝေမလဲ
G R E E N D A Y လည်း 21 GUN နဲ့ စိမ်း
မင်းနှုတ်ခမ်းတွေလည်း အရောင်မပါပဲ စိမ်း
အိပ်မက်တွေ လည်း နယ်ကျွံလို ကျွံ
နမိတ်ပုံ သင်္ကေတတွေ အပြေးအလွှားအူကြ
ငါတို့နှစ်ယောက်လည်းအရင်းနှီးဆုံးသူစိမ်း
ကဲ..ကွာ...ဒီတော့လည်း
ဘာပဲဖြစ်ဖြစ်တစိမ်းဆန်လိုက်ရအောင်.။



အမည်မဲ့ ၊ nelay






Sunday, August 15, 2010

သတိမရိုင်းရ



ဘာသာခြားခဲ့တဲ့ ငါနဲ့ သက်တန့်ပျို …
ဘာသာမလိုတဲ့ သက်တန့်ကို
ရှု့ခင်းအသေပေါ်က ကြည့်ရတာလှတယ်
ရေမှုန်တွေပါပဲ ငါ့မှာသာ အလင်းယိုင်ခဲ့ရ


မလှပါဘူး။


ကျီးက ငါ့ဂုတ်ပေါ်မှာ
လာမနားတော့တဲ့ ခြေရာ
စူး …. ခနဲ ….


ငါ့ကိုယ်ငါ ခပ်တည်တည်နဲ့ခြိမ်းခြောက်လိုက်တယ်
ကံတရားဆိုတာ လခစား မနက်တို့ရဲ့ ရာဇဝင်မှာ
မနပ်မှန်တဲ့ သောကတပွဲကို ကျိတ်မှိတ်ကျော်ဖြတ်တာ


ကတော် ဖြစ်ဖို့ ကတော်
ကပွဲမှာ ဂီတကို ပျော်တော်ဆက်
တာဝန်အရ ငါက ဟက်ဟက်ပက်ပက်ရီလိုက်ရတယ်


မနက်တိုင်းမျက်နှာသစ်နေရတာ ပျင်းလာပြီ
လက်ဖျံသွေးကြောကိုစမ်းကြည့်တော့
ပုံမှန်ဟာသတွေ ထွက်ကျလာတယ်


တော်သင့်ပြီ လူ့လောက
ကျောက်နံရံပေါ်က အရိုင်းကောင်းတွေရဲ့
ဆေးရေးပန်းချီကို အဖြေရှာတာတော်သင့်ပြီ


မတန်မရာ အိပ်မက်တွေသွားကြားညှပ်ပြီး
သင်္ချိုင်းအတုပေါ်မှာ ငါမအိပ်လိုတော့ဘူး
ညကိုဖွင့်ချလိုက်ရင် ငှက်မဲတွေ
အတောင်ပြောက်တဲ့အမှောင်ထဲ
ရှန်သန်ခြင်းကိုရှာဖွေနေလိမ့်မယ်


အပိုင်းတွေ အဆက်တွေ ချုပ်ရာတွေ
ရောင်းကုန်မဟုတ်တဲ့ ရေပါးစက္ကူလိပ်ထဲမှာ
ပျော်ရွှင်ခြင်းက လောင်မြိုက်နေတယ်


အဲဒီ့ ပျော်ရွှင်မှုတွေဟာ ငါ့ကို မပျော်ရွှင်စေခဲ့ဘူး
ပျော်ရွှင်မှုရဲ့ တကယ့်အနှစ်ဆိုတာ
ရုန်းကန်မှုရဲ့ဒဏ်ရာ
တောက်ပစွာ သေဆုံးထားတဲ့
အရှုံးတွေ အိုင်ထွန်းထားခြင်းဖြစ်တယ် ။


မျှော်လင့်ချက် အူတိုင်တည့်တည့်က
ကြယ်အရိပ်ဟာ ပျော်ရွှင်ခြင်းကို
လှပဟန်ဆောင်မှုနဲ့ လောင်းရိပ်ချထားခြင်းလို့
ငါ့နှလုံးသားက ငါ့စိတ်ကို အကြိမ်ကြိမ်ထိုးဆွနေတော့တယ် ။



nelay





Thursday, August 12, 2010

အခွံ




adam potter




အိမ် ...
အိမ်ကို ပြန်လာတော့
အမေက မရှိတော့ဘူး


အိမ် ...
အိမ်ကိုပြန်လာတော့
အဖေ့ကို မတွေ့တော့ဘူး


အိမ် ...
အိမ်ကို ပြန်လာတော့
အမ ကထွက်သွားပြီ


အိမ် ...
အိမ်ကိုပြန်လာတော့
ငါ့ကိုမတွေ့တော့ဘူး ...


အိမ် ...
အိမ်ကိုပြန်လာတော့
အိမ်
မရှိတော့ဘူးလေ ။



nelay





x.X.x.x.X.x.X.x.X.x.x.X.x.X.x.X.x.x.X.x.X.




shell


home
when i come back home
mother is no more ...


home
when i come back home
cant see dad anymore


home
when i come back home
my sis already left house


home
when i come back home
i cant find myself


home
when i come back home
home
which is no more




(translate by nt)
Nyi Thit






javier carmona caracola







Friday, August 6, 2010

စာရွက်ပုံပြင်



စာရွက်တချို့ကိုလုံးခြေလွှင့်ပစ်လိုက်တော့
တချို့က ကောက်ယူဖြန့်ကြည့်ကြတယ်
စာရွက်တချို့ကိုစုတ်ဖြဲဖြန့်ကျဲလိုက်တော့
တချို့က တစစီပြန်ဆက်ကြည့်ကြတယ်
စာရွက်တချို့ကို ငါ မီးမြိုက်လိုက်တယ်
တချို့က ပြာတွေ နောက်ကို
လိုက်ဖမ်းလို့ကောင်းနေတုန်းပဲ ... ။



nelay










Thursday, August 5, 2010

စိတ်တံတိုင်း



စထွက်ကထဲက အတောင်တွေခြွေခဲ့တယ်
ငါတို့ကလူ
ကိုယ့်လမ်းကိုယ်ဖောက်ပြီး
ကိုယ့်အဆိပ်ကိုယ်သောက်တယ်
ခင်ဗျားလူကောင်းစစ်စစ်ပါလို့ လာလိမ်မနေနဲ့
နားရွက်နောက်က နတ်ဆိုးတစ်ကောင်
ခင်ဗျားကို အပိတ်အဖွင့် လုပ်နေတယ်


သင်ကြားရေးရဲ့ ထိန်းချုပ်မှုအောက်မှာ
စာ သေတယ် အညွှန့်ကျိုးတယ်
စိတ်မာယာရဲ့ ထိန်းချုပ်မှုအောက်မှာ
ပညာ သေတယ် အတွေး ခမ်းတယ်


သေဆုံးခြင်းရဲ့ အကြောင်းတရားမှာ
စာတန်းထိုးတွေတက်လာသလိုမျိုးမဟုတ်ဘူး
မနက်ခင်းပေါင်းများစွာရဲ့အစ
De`javu ပေါင်းများစွာရဲ့ သန္ဓေသား


ငါ့ကို ဒီနွံထဲမှာ အလိုမတူပဲ အသေနှစ်ထားပါ
ဆောင်းရာသီမတိုင်ခင်အထိ
ကမ္ဘာကြီးကို အနွေးထည်ချွတ်မပေးနဲ့
ချွေးတွေနဲ့ အအေးပတ်ခဲ့ရင်
ဖယောင်းတိုင်ထွန်းလို့တတ်နိုင်သလောက်ဆုတောင်းကြပါ


သန့်ရှင်းတဲ့ပျော်ရွှင်မှုအသိုက်အမြုံဆိုတာ
တိမ်ဖုံးနေတဲ့ရပ်ဝန်းအသေတစ်ခုကို
ခွန်အားပြည့်တဲ့မျှားတစ်စင်းက
ထွင်းဖောက်ခွင်းလိုက်တဲ့ နံရံအပေါက်တစ်ခု


ငါ့ စိတ်တွေကို စားသုံးလိုက်တဲ့
စာမျက်နှာဟာ accident တစ်ခုနဲ့ဆေးရုံပေါ်ရောက်နေတယ်


တံတိုင်းခြားလို့ ငိုကြွေးသံကို သွေးသွင်းစရာမလိုဘူးဆိုရင်
ပေးဆပ်ခြင်းရဲ့အလွန်မှာ စမ်းရေတွေ မီးတောက်နေခဲ့တယ်


ငါ့ကို ခြောက်တဲ့ တောမှာ ရှေးလူတွေ သေခဲ့ဖူးပြီ
အင်္ကျီတထည်ရဲ့ လုံခြုံမှု အရှက်တရားကို
တက်မက်လွန်းတဲ့ လူသားတွေ
ဗုဒ္ဓရဲ့နံရိုးတစ်ချောင်းကို ခုတုံးလုပ်ပြီ
ရာသီပျိုတိုင်းမှာ လမင်းကို အူနေကြတယ်


စိတ်တွေရဲ့ စွဲငင်အားမှာ အတ္တတွေကုတ်ဖဲ့တက်လာသလား
မျက်နှာကိုရေထဲနှစ်ပြီး သစ္စာတရားတွေ အန်ထုတ်ကြည့်စမ်းပါ


ဆံပင်မကျန်တဲ့ လမ်းတခုထဲက
စကားလုံးတွေမြှုပ်ထားတဲ့ အသိဉာဏ်ကို
လွတ်မြောက်ခြင်းအလွန်မှာ
လှောင်အိမ်တွေ စောင့်ကြိုနေကြတယ်


လေယာဉ်ပေါ်မှာ သေနတ်သံတွေကြားလား
ဒီကောင် မသေသေးဘူး
တိမ်တွေပျက်ကျသွားပြီ


စာမလိုက်နိုင်တဲ့ ခင်ဗျားရော ကျနော်ရော
ဗိုက်ပြည့်ဖို့ လေရှုနေရတယ်
အဆင့်အတန်း ချုပ်ရိုးပြတ်နဲ့
ငါ့ကို တိုင်းတာချင်ရင်
ပြတင်းတံခါးက ခုန်ချလာတဲ့
နေရောင်ခြည်ကိုဖမ်းသလိုမျိုး ရူးနေလိမ့်မယ်


မျက်နှာဖုံးတို့ရေ …
လူဖြစ်ရတာ ပင်ပန်းခြင်း
လူဖြစ်ရတာ ပင်ပန်းခဲ့ကြောင်း
လူဖြစ်ရတာ ပင်ပန်းမည်ဖြစ်ကြောင်း


မှန်ထဲမှာ စကားပြောတဲ့
မှုတ်သုန်ဆန်ဆန် မျက်ဝန်းတွေအကြောင်းကို
လူမဖြစ်သေးတဲ့ ကလေးက သစ်ရွက်ကြွေတိုင်း
လှောင်ရီနေလိမ့်အုံးမယ်


မြေပြင်မှာ မင်းကို ပြောင်းလဲဖို့
တိမ်တွေ ခိုစီးနေတဲ့ ခင်ဗျားက
နွယ်တွေလို စိတ်ကူးနေရော့ သလား


ငါကုတ်ဖဲ့တက်လာတဲ့ တံတိုင်းတစ်ခုမှာ
ဘဲကလေးက အကြောက်တရားနဲ့
တိမ်တွေမှိုင်းတဲ့ အရပ်မှာ နေရစ်ခဲ့တော့


အစစ်အမှန်မဟုတ်တဲ့ ထီးတစ်လက်အောက်မှာ
မိုးလုံဖို့ ကူးခဲ့တဲ့ စိတ်ကို
အရှင်လတ်လတ်မြေမြှုပ်ပစ်တာပဲ


သေရင် နတ်ကောင်းဖြစ်ချင်တဲ့စိတ်ကူး
သေရင် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ကူးတွေလဲ
ရေကူးနေတဲ့ ပင်လယ်ထဲမှာ
အခုလောလောဆယ်
တစ္ဆေဘဝမှာ ဆုတောင်းနေရစ်တော့


ကိုးနာရီခွဲပြီ စိတ်တို့ရေ …….
အသက်ဦးပိုင်းမှာ ဖြုန်းခဲ့တဲ့ စိတ်တွေ
သဲနာရီရဲ့ နောက်ဆုံး သဲတပွင့်မှာ
ကြောက်လှန့်ခြင်းကို အဖေါ်ပြုဖို့
အမှောင်ကို ခဏငှားလာခဲ့ပါ
ငါ့ကိုယ်ငါ ခွင့်ပြုလိုက်တဲ့ တံတိုင်းပေါ်က
စိတ်ထဲကို ခုန်ချလိုက်ပြီ …. ။



nelay





Credit to original artist





Wednesday, August 4, 2010

ခေတ်သစ် ၁၉ ဂျူလိုင်



အဲဒီ့နေ့ဆို အရင်ကထက် ငါတို့လူငယ်တွေပိုမှောင်တယ်
အပြင်မထွက်ရအမိန့်နဲ့ ပိုလှောင်တယ်
ကော့နက်ရှင်တွေလဲနှေးမယ်
လမ်းဘေးဈေးသည်တွေလဲ ရှင်းမယ်
မြို့လယ်ခေါင်မှာ သံစူးကြိုးတွေထားမယ်
ဥသြဆွဲသံဆို မီးသတ်ကားတောင် မအူရဘူး
ဘုရားသွားချင်ရင် သွေးဆေးကန်ဖက်မှာ လူရှင်းလို့
ကဗျာရေးမယ်ဆို န ငယ်ကိုအရင်နေ့ကထက်ရှောင်ရတယ်
ဟိုအမကြီးပြောတာ ….
ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်မကျစေချင်ဘူးတဲ့
ကော့နက်ရှင်တွေလဲနှေးလိုက်တာဗျာ
အရင်နေ့လို ဖလန်းဖလန်းမထတော့ဘူး
ငါဘာတွေလုပ်နေလဲ ငါ့အမေရင်ကျိုးမှာစိုးလို့
ဂျူလိုင် ၁၉မှာ ရုံးမပိတ်ဘူးလို့ ညာရတယ်
တီဗီထဲမှာ ကြည့်ပါအမေ လွမ်းသူ့ပန်းခွေဆိုတာ အဲလိုမျိုး
ငါ့သူငယ်ချင်းတွေတောင် ညညသွားနေကြတဲ့ မာဆက်ကိုတောင်
အကြောင်းအမျိုးမျိုးပြပြီး ရှောင်ကြတယ်
အနှစ်၄၀ကြာ မိုးတွေလဲ ရွာတယ်
မနက်ဖြန်ဘာဖြစ်ဖြစ် ငါ့သူငယ်ချင်းတွေ
ဂိမ်းကစားနေတာကောင်းပါတယ် ။



nelay