Pages

Wednesday, November 13, 2013

မင်္ဂလာရေး ကူညီမှုအသင်းကြီး

မင်္ဂလာရေး ကူညီမှုအသင်းကြီး

October 18, 2013 at 4:17pm  

ငါ သာ အမွေ ရ လို့ ကတော့
ဟို ကျော်သူ ဆိုတဲ့ ဘဲ ကြီး လို မှုတ်ဆိတ် မွှေး အရှည်ထား
ရောင်ကြီးဘွေ ကို စွေ့ နေအောင် ထုံးပြီးးး ....
ဘိတ်သိတ် ဆရာယောင်ယောင် MC ယောင်ယောင်
ဟို နက္ခတ် ကြည့် ဒီ နက္ခတ် ကြည့်
ဟို စာရွက်လှန် ဒီ စာရွက်လှန်
မင်္ဂလာ မဆောင် နိုင်တဲ့
တောသားတွေ
ခွက်ပြောက်တွေ
သူတောင်းစားတွေ
ဟိုတယ်ပေါ်က အလေ အလွှင့် အမှိုက်သရိုက်တွေ
ဆွေမကြည့်မျိုးမကြည့် ဟာ တွေ
အလေနတ်တော တွေ
အဖေမနိုင်အမေမနိုင်တွေ
ခိုးရာလိုက်ပြေး ဆင်းရဲသားတွေ
လက်ဖေ့ရည်သောက်ချင်နေတဲ့ တရားရုံးက၀န်ထမ်းတွေ
ဆွေမရှိမမျိုးမရှိ ကြွက်စုတ်တွေ
ဂေါ်မစွန်တဲ့ အပျိုပုတ်ကြီး လူပျိုပုတ်ကြီးတွေ
ဘယ်တော့မှမပြည့်လာတဲ့ ငွေကိုစုနေတဲ့ ၀န်ထမ်း လဒတွေ
ဘုန်းကြီးကို အလုပ်ရှုပ်အောင်လုပ်ဖို့ကြံနေတဲ့ကောင်တွေကောင်မတွေ
မိဘ သဘောမတူတဲ့ နန့်နန့်တက်ဆပ်ဆလူးတွေ
ဟန်ပြ ဆောင်ချင်တဲ့ ကြာကူလီတွေ
အဲဒါတွေ အားလုံးကို
မင်္ဂလာရေး ကူညီမှုအသင်းကြီး ဆိုပြီး
ရွာလုံးကျွတ် မြို့လုံးကျွတ်အောင် မင်္ဂလာ ဆောင်ပေးလိုက်အုံးမှာ
ဒါနဲ့ ဗုံး ကွဲ သွားတော့တာပါပဲ



nelay

No comments: