Pages

Wednesday, November 13, 2013

ဘိလပ်မြေ

ဘိလပ်မြေ

October 26, 2013 at 2:17pm 

တောင်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို ပြုံးပြ နေသလား
မြောက်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို က ပြ နေသလား
အရှေ့ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို စိတ်ကောက် နေသလား
အနောက်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို ဆုတောင်း နေသလား
အရှေ့ဖက် မုခ် မှာ အလှူခံကြီးများ ငါ့ကို ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် စောက်တင်းချ နေကြတယ်
အနောက်ဖက်မုခ် က တံမြက်စည်း များ ငါ့ကိုကြည့်ပြီး အမှိုက်ဖွနေကြတယ်
တောင်ဖက်မုခ် က ရေဘုံဘိုင်တွေ ငါ့ ကိုကြည့်ပြီး လျှံ နေလိုက်ကြတာာာ
မြောက်ဖက်မုခ် က ပန်းတွေ ငါ့ ကို ကြည့်ပြီး ကြွေ
ရွှေ နာမ် ငွေ နာမ် နဲ့ ငါ့ ကိုယ်ပေါ်က ယတြာပန်းတွေ ပုရွက်ဆိပ်တက်လို့ ငါ့မှာယားးးးး
ငါ့ ကို အသက်သွင်းပြီး ရွှေချထားဖို့ ဘယ်အခြောက် တွေ အလုပ်ရှုပ်နေကြသလဲ
နာမည်မကြီးတဲ့ ငါ့မှာ မှန်ဘောင်ရှေ့ က သော့ ခလောက် ကိုသာ ငေးးးး
အုန်းပွဲ ငှက်ပျောပွဲ နဲ့ ဝေး နေတဲ့ ကာလ များဟာ ငါ့ အသဲကို ပိုးဆိုးပက်စက်ခွဲလွန်းတယ်
ငါ့ ကိုယ်ငါ Still ဖမ်းထား ရတာ ညောင်း ညောင်းလာလို့ ငါ့ကိုယ် ငါ ခြွေချ .....
ငါ့အသား တွေ ပွ သွားပြီး ငါ့ အသား ကို ဒီကောင်တွေ ခိုးခိုး ထားတဲ့ ဘိလပ်မြေ က အခုမှ ပေါ်ပေါ်လာလို့
ငါ့မှာသာ ဟိုမရောက် ဒီမရောက် မုခ်ဦး ကြီး က ဘိလပ်မြေ အရုပ်ကြီးကို ဖြစ်လို့
သဲများသွားတဲ့ အသားတွေ ပွပွ ကျလာ တိုင်း ထုံးတွေကို ဖွေးးးးး



nelay 

No comments: