Pages

Friday, March 15, 2013

ကျနော့ကို လက်တစ်ဖက်တည်းနဲ့ အုပ်တယ်

ကျနော့ကို လက်တစ်ဖက်တည်းနဲ့ အုပ်တယ်



စိတ်ငြိမ်ဆေးသောက်ဖို့ စိတ်ငြိမ်ဆေး နာမည်မေ့နေတယ်
သူ့ကိုယ်သူ ၂ကျပ်တန်မှန်း မေ့နေလို့ ၂ကျပ်တန်တွေကို ထိုင်ဆဲနေတယ်
မြန်မာနိုင်ငံမှာ အမိန့်သေ ကျတဲ့ လူတွေထဲက တစ်ယောက်က ငါ ဆိုပဲ
ဒါနဲ့များ ရေးကြီးခွင်ကျယ် လုပ်လို့ ဘုရားလမ်းက သူတောင်းစားကို သွားလှူနေသေးတယ်
သူတို့တွေ မရလိုက်တဲ့ အရာတွေကို ငါ့ဆီက လာလာလုယူနေကြလို့ သူတို့အချိန်တွေပြောက်ဆုံးနေကြတယ်
ဥာဏ်ပညာကြီးမြတ်သူတစ်ယောက်ယောက်ရဲ့ လက်ထဲက အသိဥာဏ်ကိုခိုးယူလိုက်ရင် အဲ့ပညာရှိကြီးဥာဏ်ရှိနိုင်အုံးမလား
ပန်ကာ အနောက်က စကားလုံးတွေ ခါချရတာ သိပ် သတ္တိရှိဖို့ကောင်းတယ်တဲ့
လေယာဉ်ပျံကို ငါအခုထိ အစာမကြေတုန်းပဲ
ပြောလိုက်ပါ လူတကာလိုက်ဆဲတဲ့ ဝါဒကို ပညာရှိ ဆောင်းညတွေ တွေ့ရှိခဲ့တာ
လူတစ်ယောက်ကိုအကဲဖြတ်ဖို့ လက်ဖက်ခြောက်တွေနှပ်နေကြသလား
နာမဝိသေသန အချင်းချင်း မျိုးစပ်မှမြတ်မယ်ဆိုလဲခင်ဗျားတို့ သဘောပါ
ပြီးမှ ပုဒ်မတွေ မကာရံထားတဲ့ ငါ့ကမ်းနဖူးမှာ လာတော့မရပ်ကြနဲ့
လှိုင်းဆိုတဲ့ အဓိပ္ပါယ်က ငါ့အဘိဓာန်မှာ စားသုံးခြင်းလို့ခေါ်တယ်
ခင်ဗျားတို့တွေ သိပ်ဥာဏ်ကောင်းတိုင်းအချင်းချင်း  တစ်ယောက်ကိုတစ်ယောက် ဘာလို့ ဆရာလို့ ခေါ် ကြတာလဲ ဘုရားလို့ ပြောင်းခေါ်ရမှာကြောက်လို့လား
ဖြစ်နိုင်ရင် ငါတော့လေသန့်ဘူးတွေထုတ်ရောင်းချင်တယ်
မွေးကထဲအဆိပ်သောက်ထားတဲ့ မြွေတစ်ကောင်က လူတစ်ကာကိုလျှောက်ကိုက်နေသတဲ့လား
ပျဉ်းရိငြီးငွေ့ခြင်းဆိုတာ အနုပညာရှင်ရဲ့ အဆိပ်သုတ်ထားတဲ့ နှုတ်ခမ်းပါ





nelay

No comments: