ဆီမီးခွက်ပြောက်တဲ့ ညက သေခြင်းကိုတွေ့တယ်
ငါ့ရဲ့ ကြည်ဆံပြီးတဲ့ အမျိုးသမီး
ပုံပြင်တွေ တီးခတ်ပြီး
ရေသန့်ဘူးကို အခွံနွာနေလိုက်တာ
မျက်လုံးတွေ ပြုတ်ကျလာတဲ့ မိုးတိမ်
သေခြင်းစကားလုံးများကို
စုဗူးထဲက ပြူးပြူးထွက်လာတဲ့
မပြည့်အိုးများနဲ့ မှောက်လိုက် လှန်လိုက်
ပ …. ဇောက် ကွက် ထဲက ကြွေခဲ့တယ်
တင် … ပါး … ပေါ်မှာ သေခဲ့တယ်
ရင် … ဆာ … နေတဲ့ လူ ထဲက … သွေး ပါ
ဆေးထိုးအပ် ပေးလိုက်ကြပါကွာ နားညီးတယ်
မိုး ပက်လက်ပေါ်က Sugar Box ကိုဖွင့်
ဇက်ကြိုး ပြတ်ပေါ်က အလေ နဲ့ အလွင့်ကို
မြန်မြန်လာကြတဲ့ အရပ်မှာ အိပ်မက်တွေ အနှေးမက်
စိတ်ကူးကို ပုံသေ ဂီတနဲ့ ရောယှက်လို့
မင်းသမီး လည်ခက်ပေါ်က သေနေ့ကို အတည်ပြုလိုက်တယ်
စား ပါ .. ၀ါး ပါ … ကြေကြေညက်ညက်
စားပြီးရင် … ၀ါး ရ တယ် ဝေေ၀ခက်ခက်
မပျော်မပါးနဲ့ လက်နက်တွေ နားထဲထိုးထိုးသိမ့်ထည့်
ဆရာဝန် ကပြားမလေးရဲ့ မျိုးချစ်ဆေးများ ရက်လွန်သွေးကြောထဲမှာ
နှင်းဆီတွေကြီး လှိမ့်လှိမ့် ပွင့်လို့မ၀နိုင်တဲ့ ဆောင်းရာသီရဲ့ ခြေသုတ်ခုံကို
ဆယ့်ကိုးလက်မ တီဗီ ကလေးပေါ်မှာ ရုံတင်ပြသလို့ မ၀နိုင်တဲ့ ပိတ်စတွေ
ချစ်သူများနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ကြားက
လင်းတ တွေဆွဲသွားတဲ့ လင်းစွဲ ရက်တွေပေါ်က
ချော့ကလက်တွေကြွေးပြီး မွေးနေရတဲ့ ဒလက စိတ်ဓါတ်တွေ
ရေငုံလို့ မျောလိုက်တဲ့ သစ်ရွက်လှေကလေးပေါ်က
ဘာဘာ ၀ ကို လက်မောင်းပေါ်က ဆီးမီးခွက်နဲ့
စိတ်ဓါတ် ပညာ စည်းပြီးတော့ ကမ်းလိုက်ပါတယ် ။
nelay
No comments:
Post a Comment