Pages

Tuesday, August 11, 2015

ရာဇဂြိုလ် ဆိုင်းဘုတ်ရှေ့မှာ ခွေးဟောင်နေတယ်


ရာဇဂြိုလ် ဆိုင်းဘုတ်ရှေ့မှာ ခွေးဟောင်နေတယ်

မင်းကိုးကွယ်တဲ့ဘုရားပုံဆွဲကြိုးကလေးကို
မင့်ရင်ညွှန့်ကြားအမြတ်တနိုးဆွဲထားတဲ့
မိန်းမက
ငါ့နာမည်ကိုကြားဖူးနားဝတွေထဲလိုက်မေးနေတယ်
မင်းတို့အသိုင်းအ၀ိုင်းထဲက
ကြားဖူးနားဝနာမည်တွေထဲ
ငါပါမလာအောင်
ငါရွေးလျှောက်တဲ့လမ်းက
လူနည်းလွန်းတယ်
ဒါမို့
မင်းတို့ကြားဖူးနားဝတွေလဲ
ငါ့လမ်းမှာမရှိဘူး
တိတ်ဆိတ်တဲ့အသံတွေက
ဆူညံလွန်းလို့
ငါ့မှာဂီတဖြစ်ရတယ်
အသံမကြားရတာကြာလွန်းလို့
လိုက်ရှာနေလဲ
အသံကကိုယ့်ဆီပြန်လာမယ်
ထင်နေကြတုန်းပဲလား
ဘယ်တော့မှပြန်မလာတဲ့အသံကို
မင်းတို့အသိုင်းအ၀ိုင်းက
ကြိုးအစုံနဲ့တီးနေကြပြန်တယ်
ငါမမြင်ပေမယ့်
ငါ့ဆီလာတဲ့လေထဲမှာ
ဗလာကျင်းတဲ့ခံစားမှုအငွေ့အသက်ပဲ
ငါရှုရှိုက်လိုက်မိတယ်
ဖြစ်တည်ခြင်းဟာနှောင့်နှေးလွန်းလို့
လိပ်ပြာဘ၀ကိုပြောင်းပြီး
ပန်းချီကားထဲအပြီးအပိုင်ဝင်အိပ်နေလိုက်တယ်
အခန်းသုညကနေ
နောက်တစ်ခန်းကူးလဲ
မင်းကြားဖူးနားဝငါ့နာမည်က
အခန်းထဲကိုဘယ်တော့မှမ၀င်ခဲ့ဘူး
မင်းရင်ညွှန့်ပေါ်ကဘုရားပုံဆွဲကြိုးမှာရော
ငါ့နာမည်ထိုးထားသေးလား


nelay








ကျမ က နှမ်းဆီ ပါ မောင်

ကျမ က နှမ်းဆီ ပါ မောင်


မြေကြီးပေါ်ကို ကုန်းရုံးပြီးတက်လာတော့
သူတို့လက်တွေထဲမှာ အသီးတွေပါလာတယ်
သူတို့အသီးတွေဟာ သူတို့ကိုစိုက်ပျိုးတဲ့သူတွေအတွက်
ကျေးဇူးဆပ်ဖို့ လှပသပ်ရပ်ထိုက်တန်တဲ့ ၀ဋ်ကြွေးတွေပါတဲ့

သူ့အဖေက နှမ်းခင်း ကိုစိုက်တယ်
သူ့အမေက နှမ်းခင်း ကိုရေလောင်းတယ်
သူ့အစ်ကိုကြီးက နှမ်းစေ့တွေအခြောက်လှမ်းတယ်
သူ့ညီမလေးကတော့ နှမ်းစေ့တွေ ပြာသတဲ့
သူ့မောင်လတ်ကတော့ နှမ်းဆီထုတ်တယ်လေ
သူ့မောင်ငယ်ကတော့ နှမ်းဖြူးပေးတယ်
သူမကတော့ နှမ်းဆီ ရောင်းတယ်လေ

ထုံးစံအတိုင်း ၄ ကြောင်းမြောက်ကို ပြန်ကောက်ရရင်
ကျေးဇူးဆပ်ဖို့ သူတို့ဝမ်းတွေ လှလှပပ ၀လင်ခဲ့တဲ့ နှမ်း
အဲ့ဒီ့ နှမ်းကို သူမက ဘယ်တော့မှ မမေ့ဘူးတဲ့
ဒါကြောင့် သူ့ကိုယ်သူတောင် တစ်ခါ တစ်ခါ နှမ်းဆီ လို့ပြောသတဲ့
သူမရောင်းခဲ့တဲ့ အရာကို သူမ ကျေးဇူးဆပ်တဲ့အနေနဲ့
သူ့ဘ၀ သူမမေ့အောင် ခေါ်ဝေါ်သတဲ့လေ

မြူတွေရှင်းလင်းတဲ့ ညနေခင်းမှာ
အဝေးက ငှက်ကလေးတွေ အိပ်တန်းတက်လို့အော်နေတဲ့အသံနဲ့အတူ
သူမရောင်းနေကြ နှမ်းဆီ ဆိုင်ကလေး သိမ်းလို့ အိမ်ပြန်လာချိန်
ကြည်နူးလှပနေတဲ့ ဖုန်တွေဝေ့နေတဲ့ လမ်းချိုးကလေးတစ်နေရာမှာ
ကျမ …….. မောင် နဲ့ ၀င်ဆောင့် (၀ါ) ၀င်တိုက်မိ ခဲ့လေရဲ့။



nelay

မောင်ချောနွယ် ကဗျာ Link

မောင်ချောနွယ် ကဗျာ Link



အိမ်ငေးသူ
https://goo.gl/gsgJXd
.

ရေစီးဆန်ပုစ္ဆာ
https://goo.gl/N6fbKs
.

ဝေဖန်ရေး
https://goo.gl/XJI9ll
.

နေ့ဟောင်းများ
https://goo.gl/EYkYFB
.
မစဉ်းစားခြင်းသေတ္တာ
https://goo.gl/wlCj3L
.

ရောဂါသည်းချိန် ဒီရေများ
https://goo.gl/OGNZXH
.

ချစ်သူဖြတ်သန်းခဲ့ရသော အရောင် အရိပ် ရနံ့နှင့် ကျွန်ုပ်၏ ဘ၀အမော ဘ၀အလွမ်း
https://goo.gl/MkjjRY
.

ရေခဲပန်းနု
https://goo.gl/l7CcTb
.

ဆေးစစ်ခံတဲ့ည
https://goo.gl/vF4RBu
.

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
https://goo.gl/8zRhdM
.

ရွှေ
https://goo.gl/0VmYjr
.

ရေစီးကြောင်း
https://goo.gl/C0LDm7
.

ကြွေဒါကိုက ပွင့်ခြင်းပဲ
https://goo.gl/XEvsEl
.

ခုတ်သားစများ
https://goo.gl/daN6sv
.

ဆိပ်ကမ်း
https://goo.gl/D7atz3
.

မောင်ချောနွယ်ဆန်သွားသောနေ့များ အဖွင့်
https://goo.gl/S4VbpP
.

ဝတ်လစ်စလစ်နေ့လည်စာ
https://goo.gl/5agSnf
.

ကော်ဖီတစ်ခွက်ရဲ့ သစ္စာဖောက်မှုအကြောင်း
https://goo.gl/kpUaky
.

ညနေခင်းကဗျာ
https://goo.gl/Lh4G7i
.

ရယ်သံများ
https://goo.gl/AE1H7U
.

ရွှေရည်ပိတောက်ဝိုင်
https://goo.gl/MCUYjK
.

မငွေတင်ရဲ့ ဆန်အရက်
https://goo.gl/F9jQX2
.

ကျက်သရေရှိသော လယ်ကွင်းများ
https://goo.gl/xJ27oI
.

တစ်ညလုံးမအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး
https://goo.gl/H9ndQl
.

ကြေကွဲမှုအရောင်
https://goo.gl/ZHFj87
.

ပေါ့ပါးသောလက်များနဲ့ ရွှေတံခါးကြီး ဖွင့်ကြမယ်ကွယ်
https://goo.gl/1s1BuK
.

မတော်တဆနေ့ ရက်တစ်ခုရဲ့  အောင်မြင်မှုအကြောင်း
https://goo.gl/HycOjw
.

ခေါင်းစဉ်မဲ့ (၃)
https://goo.gl/XGhc79
.

တန်ဖိုး
https://goo.gl/eOYwpj
.

အချိန်မှားမျဉ်း
https://goo.gl/kxvg55
.

ယာကွပ်ကလေး
https://goo.gl/KjyaTg
.

မုဆိုး
https://goo.gl/1C8Bgv
.

ဘယ်သူ ငါ့စီးကရက်ကို လုသောက်ခဲ့သလဲ
https://goo.gl/r5C2yW
.

အငွေ့ ပျံနေ့ ရက်များ
https://goo.gl/Lqu0oc
.

ဆေးသားအနှေးမန္တလေး
https://goo.gl/RgQv1t
.

အစမ်းတွင်းတစ်တွင်းရဲ့ အိုင်ထွန်းမှု
https://goo.gl/1bF8pt
.

မသေချာခဲ့မှုများအကြောင်း
https://goo.gl/ahyRSG
.

ကြေးနန်းစာ
https://goo.gl/hYUPnj
.

မောင်ချောနွယ်ရဲ့ လွဲချော်မှု
https://goo.gl/poBMeq
.

ဆဌမနံရိုး
https://goo.gl/4nTfZi
.

မောင်ချောနွယ်ဆန်သွားသောနေ့များ
https://goo.gl/5izTKK
.

မြေကြီးပေါ်မှာ
https://goo.gl/z2h4cU
.

ဇရာ နဲ့ ဇယား
https://goo.gl/Vs2NVL
.

မွေးနေ့
https://goo.gl/dZo4DV
.

ကိုက်လမ်း
https://goo.gl/mYOfXF
.

သန္တိသုခ
https://goo.gl/sAN6zF
.

ဒေါင့်ချိုးများ (အမှာစာ)
https://goo.gl/EPtNCf
.

စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
https://goo.gl/XI6mB7
.

ကိုယ်လက်သန့်စင်ထားတဲ့နေ့
https://goo.gl/UMpHI9
.

'' ကဗျာဆရာနဲ့ ပင်လယ်ဓားပြ '' (အမှာစာ)
https://goo.gl/FZdfqc
.

လက်တစ်ဘက်တည်း ပညာရှိနေတဲ့ ညနေခင်း
https://goo.gl/fRpvYw
.

မောင်ချောနွယ်ရဲ့လက်ဆောင်
https://goo.gl/ObRjq1
.

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့ရှိတဲ့နေ့ဖြစ်တယ်
https://goo.gl/7iVCme
.

အထက်တန်းကျတဲ့ရေ
https://goo.gl/9oeAbw
.

ရထား
https://goo.gl/u9ikFq
.

ကြမ်းပိုးများတဲ့အိပ်ရာ
https://goo.gl/cHx3SI
.

အခွန်တော်မဲ့ ရာသီဥတု
https://goo.gl/uMPNuK
.

မြို့သစ်မိုး
https://goo.gl/iUAlWn
.

ရေထဲမြို့
https://goo.gl/imWgFV
.

နတ်တို့ခိုးဝှက်ခြင်းခံရတဲ့ ကဗျာ
https://goo.gl/PG88dE
.

မမတင်ရဲ့ ကျောင်းကလေး
https://goo.gl/OW0W7y
.

ကမ္ဘာကြီးအတွက် မောနင်းပက်
https://goo.gl/PtGhKe
.

ဆေးစစ်ခံတဲ့ည
https://goo.gl/JiiV59
.

ငါ့ကို ကျားတံဆိပ်ဘီယာ မတိုက်တဲ့နေ့က
https://goo.gl/wNR2jU
.

မြေကြီးပေါ်မှာ
https://goo.gl/CMnwQl
.

ချန်ပီယံ ဒါပေမယ့် ချန်ပီယံ
https://goo.gl/pn5gKs
.

နေ့ဟောင်းများ
https://goo.gl/HRWiIF
.

အရိပ်ခြွေသစ်ပင်
https://goo.gl/8MnkOw
.

ပြည်
https://goo.gl/6K4ocN
.

လေးသည်တော်ဝီလျှံတဲလ်၏မြားချက်များ
https://goo.gl/jqDD39
.

ပေတိုး
https://goo.gl/ILI8WB
.

ဂီတ
https://goo.gl/5570zi
.

ဖြူး
https://goo.gl/bD2NCu
.

ရုပ်ရှင်
https://goo.gl/SCwcTb
.

ရေနံအစမ်းတွင်းတတွင်းရဲ့ အိုင်ထွန်းမှု
https://goo.gl/U0m8DD
.

ပန်းသီး
https://goo.gl/JK1Vfn
.

စက်ချုပ်သမား ရန်ကုန်
https://goo.gl/nQGL7N
.

ပန်းချီ
https://goo.gl/JCEJmE
.

ရန်သူမဲ့သော နေ့ရက်များ
https://goo.gl/Hqz3OU
.

စိတ်အန်ဖတ်
https://goo.gl/dqmlpf
.

မျက်ရည်စစ်စစ်တွေ
https://goo.gl/N5ElbX
.

အသံထွက်ညံ့ညံ့နဲ့ ကံကြမ္မာ
https://goo.gl/mFcQd4
.

မစ္စတာဒဗလျူကလက်ရဲ့မှတ်တမ်းအရ
https://goo.gl/VyZpzS
.

ဖျံဖမ်းသမား
https://goo.gl/guGnzB
.

မောင်ချောနွယ်အတု
https://goo.gl/mo1IOe
.

ငါနေကောင်းသွားပြီပန်းကလေးရေ
https://goo.gl/lDfBPk
.

ဂျုံးနီ
https://goo.gl/mKhUXE
.

အိမ်
https://goo.gl/RDOZvp
.

နှလုံးသားထဲကို ရေမသွန်ပါနဲ့
https://goo.gl/ZbhbHI
.

နွေဦးသစ်သီးသစ်များ
https://goo.gl/TXbSFW
.

ဘုရားသခင်က ကြွေအန်မကစားခဲ့ဘူး၊
ငါတို့တွေက ကြွေအန်ကစားခဲ့တယ်
https://goo.gl/JIOmBd
.

သက်မဲ့သက်သေ
https://goo.gl/rkQ6cn
.

ခေါက်ရှာငှက်ကလေးများ
https://goo.gl/IY64P5
.

အနည်းလိုအများစားခြေ
https://goo.gl/c8ZXVh
.

သစ္ခုာပန်းများနဲ့ မေလ
https://goo.gl/o73JqK
.

မျှော်လင့်ခြင်းထမင်းသိုးများ
https://goo.gl/n7j4PP
.

ဆတ်သွား
https://goo.gl/aC42cs
.

မစ္စတာချာလီ ခင်ဗျားကို ကျုပ်ဆွတ်လိုက်ပြီ
https://goo.gl/8e7bwn
.

ခေါင်းထဲက ဝိညာဉ်
https://goo.gl/t1D9yW
.

ကန်နာဗာရိုရဲ့ဘောလုံးတွေ
https://goo.gl/w5zicd
.

ငါး
https://goo.gl/sRHKak
.

အချစ်အကြောင်းပြောတဲ့ည
https://goo.gl/cQrxhs
.

မြို့တစ်မြို့က ဝှက်ထားတဲ့ဖဲချပ်များ
https://goo.gl/QEQFak
.

ဝတ်မှုန်ကူးကြ
https://goo.gl/84VY5O
.

ဟိုတယ်
https://goo.gl/HVb3s8
.

ချစ်လှစွာသော လောကဓံတရား
https://goo.gl/MrymED
.

ဖြစ်ခဲ့တယ်
https://goo.gl/BI8Fdy
.

ခရီးလမ်း
https://goo.gl/40IN9M
.

ပင်မှည့်တေး
https://goo.gl/CzC5LF
.

ကိုယ်လက်သန့်စင်ထားတဲ့နေ့
https://goo.gl/vuA04m
.

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
https://goo.gl/1A8JBt
.

ညီမလေးမမမြင့်
https://goo.gl/F0TLVN
.

ပြီးပါပြီ
https://goo.gl/AKkU1j
.

သစ်ရွက်အသေများပေါ်ကရက်စက်သောဂီတ
https://goo.gl/8gPi8W
.

စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့ နေ့
https://goo.gl/iYZNBQ
.

အရိပ်ခြွေသစ်ပင်
https://goo.gl/urKKXD
.

လူကြိုက်နည်းတဲ့ ကောင်
https://goo.gl/e6aQE3
.

မစဉ်းစားခြင်းသေတ္တာ
https://goo.gl/8l9MrC
.

ကိုက်လမ်း
https://goo.gl/DZcTvo
.

ရထား
https://goo.gl/XAR6Fs
.

စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
https://goo.gl/HuYOA8
.

အိမ်
https://goo.gl/XOOS3O
.

မောင်ချောနွယ်အတု
https://goo.gl/U7n5FO



မောင်ချောနွယ်ကို ချစ်တဲ့လူရော မုန်းတဲ့လူရော ကျေးဇူးအထူးတင်လျှက်

ကောင်းကင် အနီ


ကောင်းကင် အနီ



တိတ်ဆိတ်တဲ့ မျက်နှာမှာ
အရေပြားမပါတဲ့ အပြုံးကိုတွေ့ရတယ်

ကလေးတစ်ယောက်က အား လို့အော်နေတာ
ငုံ့ကြည့်လိုက်တော့
သူရူးတစ်ယောက်ရဲ့တေးသွားကိုတွေ့ရတယ်

စိတ္တဇဟာ ခိုင်မာလာတော့
ပန်းတွေဟာ Time Lapse နဲ့ပွင့်လာတယ်

အခွံထဲက နာမ်တွေဆွဲထုတ်လိုက်တော့
အမှောင်ထဲမှာ အိမ်တွေပဲ တွေ့ရတယ်

သူတို့တွေပြောပြောနေတဲ့ စကားတွေဟာ
အနာဂတ် အနာထုတ်ကုန်တွေပဲဖြစ်ကြတယ်

မျက်လုံးကို အကျယ်ကြီးမှိတ်ထားပေမယ့်
ငါ့ကိုယ်ငါ ကျိန်းစပ်အောင်တွေ့နေရတယ်

ရေတွေရဲ့အဖျားဟာကျဉ်းမြောင်းသေးသွယ်သလောက်
လှိုင်းတွေရဲ့ ဒဏ်ရာဟာ ပြင်းထန်မောက်မာလွန်းတယ်

မရှိတော့ဘူးအထင်နဲ့ ထွက်သွားပေမယ့်
တကယ်တော့ကမ္ဘာတည်သ၍ ရှိနေတယ်
ကမ္ဘာမတည်ရင်လဲ ရှိနေအုံးမယ်

ရှု့မျှော်ခင်းတွေ လှပဆန်းကြယ်သလောက်
ရထားပေါ်မှာ အိမ်သာတံခါးမဖွင့်တတ်တဲ့ လူကိုတွေ့တော့
ငါ့ဘေးမှာထိုင်နေတဲ့ မင်းကိုလွမ်းလာတယ်

အမြစ်တွေခိုင်မာလာတော့
ကျောက်ဆောင်တွေ ပြိုပျက်ကုန်တယ်

သစ်သီးအကောင်းတွေအတွက်
သစ်သီးအပုပ်တွေ လှလှပပ ပုပ်ပေးရတယ်

ဂျူပီတာမှာ လိုက်ရှာတယ်
စေတန်မှာ လိုက်ရှာတယ်
မာကျူရီမှာ လိုက်ရှာတယ်
နက္ခတ် ထဲမှာမပါတဲ့
ကမ္ဘာပေါ်မှာ မေ့မျောခြင်းနဲ့လိုက်ရှာတယ်

ဒုက္ခိတဟာခိုင်မာလာတော့
ရယ်သံတွေပိုကျယ်လာပြီး
ငိုသံတွေခမ်းကုန်ကြတယ်

ငါ့သား ငါ့တိတ်ဆိတ်ခြင်းကိုမြင်ရပြီလား
ပခုံးပေါ်တင်ထားတဲ့လက်တွေဖယ်ပြီး
မဆုံးသောလမ်းကိုလျှောက်တော့မယ်ပေါ့

နံရံတွေဟာဘယ်ဘ၀ကရေစက်ကြောင့်
အသံတွေကိုပြန်လွှင့်နိုင်ကြတာလဲ

နားကွဲမတတ်အော်ခဲ့တဲ့ အသံတွေ
တစ်စက်ကလေးတောင် မအက်ခဲ့ရပါပဲ
ကောင်းကင်ဟာ နီ ခဲ့တယ်


nelay