Pages

Wednesday, August 14, 2013

တိမ်တွေနဲ့မလွတ်တဲ့ အတံ

တိမ်တွေနဲ့မလွတ်တဲ့ အတံ



“သတိ’’
မိန်းမတွေက ‘သတိ’ ဆွဲခိုင်းလို့ ငါတို့တွေ မတ်မတ် ရပ်နေခဲ့တာလား
သူတို့လို သွေးမအန်ပေမယ့် ကိုယ့်ဒုက္ခလဲကြီးတယ်
မွေးရာပါ ဒုက္ခ တွဲလောင်းနဲ့မို့ ထထ လာတဲ့စိတ်ကို အပြစ်လို့ မြင်မိကြသလား
အမြိုက်ဒေါသ ရမ္မက် ကိုးပါး ထို တွဲလောင်းကလေးနဲ့ ထိန်းချုပ်အားကို
စိတ်တွေနဲ့ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်ရဲ့
ထောင်မတ်လာမဲ့ ဆန္ဒတွေ အတွက် ပေါင်ကြားထဲမှာ ဖိနှိမ့်ထားရတယ်
မြင်မြင်ရာက မိန်းမတွေပဲ ဈေးကွက်တင်တာ မိန်းမတွေပဲ ရောင်းကောင်းတာလဲ မိန်းမတွေပဲ
ငါတို့ အတံတွေ စိတ်မ၀င်စားဘူး ငါတို့ စိတ်ဝင်စားတာ မိန်းမတွေပဲ မဟုတ်လား
တချို့ အတံ တွေက ကိုယ့်ကိုယ် ကိုယ် ဖြတ်တောက်ပြီး အပေါက်လုပ်သွားကြတယ်
ဒီအတံကလေးတွေ ထောင်ထောင်လာလို့
ဒီနိုင်ငံကြီးက အရှက်ကြီးကြီးနဲ့ ယဉ်ကျေးမှုတွေ မတရား ထိန်းသိမ်းထားလို့
နည်းမှန်လမ်းမှန် မျိုးမပွားတော့ဘူးလား
သူတို့ ရိုးရာဟာ ငါတို့ အတံတွေ ဖွင့်ဟ မြင်သာဖို့ ပိတ်ဆို့ထား လည်ပင်းညှစ်ထားတဲ့ အယူလွဲတွေ
ပိန်လှီနေတဲ့ မဖွံ့ဖြိုးတော့တဲ့ မပွင့်လင်းတဲ့ မျိုးပွား အင်္ဂါတွေနဲ့
နိုင်ငံသစ်ကြီးကို ထောင်မတ်ဖို့များ ကြိုးစားနေကြတယ်လို့
အသိဥာဏ်ဆာလောင်ခြင်း နဲ့ အတံတွေရဲ့ ဆာလောင်ခြင်းဟာ ပွင့်လင်းမြင်သာ ဖွင့်ချဖို့တော့လိုပြီ
ဟိုကောင်တွေကို မေးကြည့်ထားတယ် ခင်ဗျားအမေနဲ့အဖေက ဘာလုပ်ဖို့ခင်ဗျားကို အားအားယားယားမွေးထားတာလဲ
နားးးး ရှက်လိုက်တာ
ဘာ သွေးသားဆန္ဒတဲ့
ဘာ စွတ်မိသွားလို့ တစ်ဘ၀ လုံး ပျက်ပါပြီ ဟုတ်လား
ဟိုမှာ သူတောင်းစားတွေ ခွက်ခေါက်နေတယ်
ရှင်တို့ နားမလည်ပါဘူး
အေးလေ ဒါမို့ ငါတို့က ဖခင်တွေဖြစ်နေတာပေါ့
Raymond Roussel ကိုခေါ်ပါ
Marquis de sade ကိုခေါ်ပါ
ရတနာဝင်းထိန် ကိုခေါ်ပါ
မိသားစု လိုချင်မှတော့ ခင်ဗျားတို့တွေ ဆေးမသောက်နဲ့ ဦးထုတ်မဆောင်းကြနဲ့ပေါ့
ခေတ်အဆက်ဆက် တိမ်တွေဟာ ဖောက်ပြန်အားနဲ့ ငါတို့ အတံတွေကို ဖိချထားတယ်
ရတနာဝင်းထိန် စာရေးတာ သူတို့တွေ ပြောသလို နည်းစနစ်ကျကျ ပွင့်လင်းမြင်သာဖို့
ရည်းစားထားတာ သီးချိန်တန်သီး ဖွင့်ချိန်တန်ဖွင့်ဖို့
စေ့စပ်ကြောင်းလမ်းတာ မနေနိုင်ကြလို့
မင်္ဂလာဆောင်တာ လူသိရှင်ကြား ဆက်ဆံကြဖို့
ဥာဏ်တိမ်တဲ့ မိန်းမတွေနဲ့ ဥာဏ်တိမ်တဲ့ အတံတွေ မွေးထုတ်ချင်မှတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေ မလိုတော့ဘူး
အရှက်မရှိတဲ့ အနုပညာ ထက်
အရှက်အကြောက်ကင်းတဲ့ အနုပညာ ပဲလိုတယ်
ဘာကိုရွေးခြယ်ထားတဲ့ ခေတ်ပျက်ကြီးလဲ
သူတို့ ကတော့ မိုးရွာတိုင်းကောင်းနေကြတာပါပဲ … ခါးတယ်မဟုတ်လား
ရင်သား အကြီးကြီးတွေ မြင်တိုင်း
ငါတို့ အတံတွေ ထောင်မတ် နေတာ တိမ်တွေ သိပ်နိမ့်လွန်းလို့


nelay

လွမ်းတယ်ဆိုတာ

လွမ်းတယ်ဆိုတာ



ခင်ဗျားတို့ လူ့အသိုင်းအ၀ိုင်း ဆိုးကြီးထဲ
ကီးဘုတ်ပေါ်က I miss u ဆိုတဲ့ ခလုတ်တွေ နဲ့ ဆိုတာမျိုး
ငါ နင့် ကို အရမ်း လွမ်းလိုက်တာ ဟာာာာ ဆိုတာမျိုး
မောင်စိန်ဝင်းပုတီးကုန်း ထဲက နွဲ့ဒါလီ ကိုဖြင့် လွမ်းလွန်းလို့ ညည အိပ်မပျော်တော့ဘူး ဆိုတာမျိုး
ကိုကို မီးကို အရမ်း လွမ်းတယ် လို့ ခဏခဏ ပြော ဘာာာာ ဆိုတာမျိုး
I miss u ကို copy ကူပြီး Paste တွေ အကြိမ် တစ်ရာလောက် လုပ်ပြ တာမျိုး
သူ့ကို လွမ်းလွန်းလို့ ညရေး ညတာ ခက်လှခြည့်ရဲ့ ဆိုတာမျိုး
နင် ငါ့ ကိုပဲ လွမ်း ရမှာ သတိရ ရမှာ နော် ဘယ်သူ့ကိုမှ ငါ့နေရာ ၀င်ရဲရဲ ကြည့် ဆိုတာမျိုး
မောင် ကျမ ကို လွမ်းရင်လေ ကဗျာ တစ်ပုဒ်လောက် ရေး ပို့ ပေးပါ ဆိုတာမျိုး
မီးလေ ကိုကို့ ကို အချိန်တိုင်း (အိမ်သာတက်ရင်တောင်) သတိရ လွမ်းဆွတ် နေမှာာာာ ဆိုတာမျိုး
အဲဒါ မျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးတွေ ကို
ငါ့ ကမ္မ၀ါ ထဲက အလွမ်း လှိုက်သံ က လှောင် ရီတယ်
ငါ့ လွမ်းဆွတ်ခြင်းဟာ ..
၁၀ တန်းတုန်း က ကိုယ်ကြပ်အင်္ကျီ အမြဲ ၀တ်တဲ့ ကျောက်သင်ပုန်းပေါ် ကမ္ဘာ့ မြေပုံ အမြဲဆွဲပြတဲ့
သမိုင်းဆရာကြီးကို သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ မြေဖြူခဲ အနံ့တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
တစ်ချိန်က လက်ဖက်သုတ် ဆိုင်ကလေးပေါ်က ငါ့ အနာဂတ်တွေဟာ ဟိုးးး အိမ်ကလေးဆီက အလင်းရောင်ကို သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ အလင်းရောင်ဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
တိမ်တွေဟာ ရွေ့လျှား နှုန်းကို မတွက် မချက်နိုင်သေးခင် ထွက်ခွာသွားကြလို့ ငါ့ လွမ်းဆွတ်ခြင်းကို
သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ တိမ်ငွေ့တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
သွေးကြောတွေကို ဖြတ်တောက်လိုက်လို့ သွေးငတ်နေတဲ့ ဝေဒနာပေါ်က တည်ငြိမ်ခြင်းကို
ငါ့ လွမ်းဆွတ်ခြင်းတွေ သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ အနီရောင်တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
ကဗျာ ဟာ ပြောင်းလဲခြင်းတွေ နဲ့ အဝေးကို ခရီးထွက်သွားခြင်းကို
ငါ့ လွမ်းဆွတ်ခြင်းတွေ သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ စာလုံးတွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့

ဟေ့ …. ကောင် အလွမ်းမွှန် နေတဲ့ အလွမ်းတဏှာ အလွမ်းစွန်းနေတဲ့ အလွမ်းစွန်းက စောက်ရူး အလွမ်းတွေကို တွိစ်ထဲ ထည့်ထည့် ရွတ်နေတဲ့ တရားကွယ်နေတဲ့ ကောင် အလွမ်းတွေကို နှလုံးမသွင်းဖူးတဲ့ အလွမ်းကန်းနေတဲ့ ကောင် ….

လွမ်းတယ် သတိရတယ် ဆိုတာ လူ့နလပိန်းတုံး တွေအတွက် က ကြီး ကနေ အ အထိ အော်ကျက်မှ ရင်ထဲ ရောက်မယ့်အရာ ဆိုရင် မအောင် မြင်တဲ့ အလွမ်းတွေ သတိရခြင်းတွေဟာ ခဏခဏ ဟန်ဆောင်ထားတဲ့ အလွမ်း အပုတ် အပွ အတု တွေ

လွမ်းတယ် သတိရတယ် ဆိုတာ တစ်စုံတရာ ကို အသိပေး တိုင်တည်ခြင်းထက် (လူကြားကောင်းအောင်) ဖွင့်ဟ ပြနေခြင်းထက် ငါ့ တိတ်ဆိတ်ငြိမ်သက်ခြင်းက ပိုမိုလေးနက်တယ် စောက်ရူးတွေ ဘယ်နားလည်ပါ့မလဲ



nelay