Pages

Tuesday, July 23, 2013

အစာအိမ်တွေ ၂၄ ၂ပိုင်း၁ပိုင်း ဒီဂရီစောင်း

အစာအိမ်တွေ ၂၄ ၂ပိုင်း၁ပိုင်း ဒီဂရီစောင်း


သူတို့ပြောပြောနေတဲ့ ၂ .. ၁ လက်မ ဆိုတာ နားမလည်ဘူး
ကျနော်နားလည်တဲ့ စာပိုဒ်တွေပဲ ထုတ်သုံးခဲ့တာပါ

အမျိုးသား က ဇာတ်ရုံနဲ့ အမျိုးသား ဇာတ်ရုံ ဘာကွာသလဲ ကျနော်မသိလိုက်ရဘူး
Official နေ၀င်သွားတာကို Timelapse နဲ့ ယူချင်ယုံ သက်သက်ပါ

အလင်းတွေက ပရိတ်သတ် ပေါ် မကျ နေလို့ ကျနော်သွားပြောတော့
မင်းခိုင်းတာလုပ်ရမှာလား ငါ ဘယ်သူ့ ခိုင်းတာ လုပ်ရမလဲ လို့
သူ့ ပခုံးကို သူ့ တပည့်လေးတစ်ယောက်က နှိပ်ပေးနေတဲ့
လူကြီးက ကျနော့်ကို လည်လိမ်တောင် မကြည့်ဘဲမေးတယ်
ကျနော့် အတွက် ပရိတ်သတ် ပေါ် ကျမဲ့ အလင်း ကလေး နည်းနည်း ကလေးပဲ လိုချင်ခဲ့တာပါ

ခုန်တွေဟာ နီလွန်းလို့ မျက်လုံးတွေ သက်တောင့် သက်သာ မရှိဘူးဆိုရင်
မှိတ်ထားပေါ့

အန္တာရယ်ကင်း ဘေးရှင်းဖို့ ပွဲတင်မယ်ဆိုရင် ၁ သောင်း ကနေ ၃ ထောင် အစားအစား ပါပဲ
လက်ဖက်ပေါ်မှာ ဆားဖြူးပြီး ကြက်သွန်ကြော် ကလေးနဲ့ ဆီနည်းနည်း ဆမ်း ထားရင်တော့
စက်ပစ္စည်းတွေ လုံခြုံပြီးလို့ဆိုပါတယ် ဒါနဲ့ ကျနော် နည်းနည်း နှိက်စားလိုက်တယ် ဘယ်သူမှမသိဘူး

အအေးတွေ ကုန်သွားတော့ အပူတွေ သောက်ကြတာပေါ့
သူတော့ မမော နိုင်သေးဘူး ကျနော်မောနေပြီ

မပွင့်လင်းတဲ့ ရာသီဥတုကြီးတွေ ကြီးစိုး ခံခဲ့ရတဲ့ သူတို့ တွေရဲ့ မျက်နှာပေါ်မှာ
အလင်းရိပ်ဟာ အတင်းဖြဲကားပြီးထွက်လာရပုံ ပါပဲ ၀ုန်းကနဲ ပေါ်လိုက် ၀ုန်းကနဲ ပြောက်လိုက်

ကျနော် ဟာ တကယ်တော့ မော်နီတာတွေကို ကြောက်တဲ့ ကောင်ပါ
အခုတော့ မော်နီတာတွေက ကျနော့်ကို ပြန်ကြောက်နေရတယ်လေ ကျနော်က မုဆိုးမဟုတ်လား

မိုးကလဲ သည်းသည်းမဲမဲ ပါပဲ ညကလဲ နက်လာတာကိုး
ထိုင်ခုန် နီတွေကတော့ မသိကြပါဘူး

မိုးကာတွေ မလုံတလုံဝတ်ထားတဲ့ ညဂျူတီကြေး နပ်မှန်အောင်တောင် မရကြတဲ့
လူအိုကြီးတွေကတော့ ဓါတ်မီးတစ်လက်နဲ့ သူတို့ ရှုးဖိနပ်အစုတ်ထဲက ရေတွေကိုထုတ်လို့
ခြေစွတ်တွေ ညှစ်ချနေတဲ့ ရေစီးကြောင်းကြီးဟာ အဲဒီ့ လှေကားကြီးအတိုင်း

တစ်ခါတလေ အဲ့ဒီ့မြင်ကွင်း ဟာ
ဂီတသံထက် ပိုမို သစ်လွင်ပါတယ်

လူတွေဟာ တကယ်တော့ အထီးကျန်ခြင်းကို မသိစိတ်မှာ နှစ်သက်ကြတာပါ
ဒါမို့ တစ်ယောက်ကို တစ်ယောက်ထား သွားကြတာနဲ့ တူပါတယ်

နောက်ပြီး လူတွေဟာ တစ်ယောက်ကို တစ်ယောက်
အစာတွေ ကြေညက်အောင် မချက်နိုင်ကြပါဘူး



nelay

Friday, July 12, 2013

စက္ကူ ကြောင်


စက္ကူ ကြောင်

 






စက္ကူ တွေဟာ ကြောင်လိုပဲ
ပျော့ပြောင်းတဲ့ နေရာမှာ နူးညံ့လို့

ကြောင် တွေဟာ စက္ကူလိုပဲ
ရှမိတဲ့ အခါ အနီရောင်တွေ လွှမ်းလို့



nelay

Thursday, July 11, 2013

ရုပ်ရှင်ရုံ 3D

ရုပ်ရှင်ရုံ 3D

အလံ ပြ ရင် ထ မရပ်တဲ့ အထာများ နဲ့ နေကြာစေ့ ကို (ရှပ်ခံပြီး) #၀ါးး
စာမဖတ်တတ်တဲ့ မြန်မာပြည်က ယဉ်ကျေးသူကြီးများ
ဖုန်းကို ဖင်ကြားထဲမှာ ကျယ်ကျယ်မြည်အောင်ထားတယ်
မြန်မာစာတန်းမထိုးတဲ့ နိုင်ငံခြားကားမို့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်လိုက်တယ်
3D မျက်မှန်ထဲက ထွက်လာသမျှကို သိသိမသိသိကျယ်နိုင်သမျှကျယ်အောင် ရယ်နိုင်မှ
ဘေးလူတွေ ၀ိုင်းကြည့်တာလဲခံချင်သေးတယ်
ထိုင်ခုန်တွေက [ horizontal ] တစ်တန်းထဲမို့ ဟိုးးး ထိပ်စ နဲ့ ဟိုးးး ထိပ်ဆုံးးး ဆပ်ဆပ်ခါပြီးတုန်နေအောင်
ဒူးတွေကိုလဲ (အ သ ကုန်) နန့်ထားကြမယ် [ခွေးတွေ] မဟုတ်ကြတော့
3D တွေများကြွကြွလာရင် ဘေးလူတွေရဲ့ ပေါင်ပေါ်ရောက်အောင် ရှောင် … ဟေးးးး … ရှောင်....
မြန်မာ့အပြိုကြီးတွေရဲ့ ရှေ့တန်းမှာများ သွားထိုင်မိရင်
တစ်ရပ်ကွက်လုံးရဲ့  မုန့်လုံးကြီးကို 3D ရုပ်ရှင်ရုံထဲမှာ စက္ကူကပ်ပြလိမ့်မယ်….
ကောင်းခန်းရောက်လို့ 3D မျက်မှန် တပ်ပြီး ဘေးကို လှည့်မကြည့်လိုက်နဲ့ ရုပ်ရှင်ထဲက ထက်ပိုကောင်းနေတယ်
ကျောက်ရုပ်တွေလို အတောင့်လိုက် [ကျောက်ဖျက်လုပ်ဖို့] ဖုန်းသံကို အဆုံးတင်ထားတဲ့
သူ့အမေခေါ်တဲ့ ဖုန်းတွေများဝင်ဝင်လာရင် တမေ့တမျော … ဈာန်ဝင်နေတဲ့ ရုပ်ရှင်ထဲက ပြူးပြူးပြာပြာ …..
“ဟဲ့ကောင်မ Man of Steel သွားမကြည့်နဲ့ မကောင်းဘူး အိပ်တောင် ငိုက်တယ်” …
အိုးးးးးးးးး … ရှစ် … ကိုးလောက် ရှိတဲ့ စကားတွေပဲ ကြားကြားလာရတော့
ဒီ ရုပ်ရှင်ရုံက ငါ့အတွက် 3D တွေ စောက်ရမ်း ကြွနေတယ်။




nelay

နှစ် အမြစ်

နှစ် အမြစ်


နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
တူးသာ တူးရတယ် ဘယ်နားရောက်လို့ ဘယ်နား ဆုံးမယ်မှန်းမသိ
တူးနေရင်း ပြတ် ကျန်ခဲ့ရင် ဒုက္ခ
ရေသောက်မြစ်ကို တွေ့ရင်ပဲ ရေအိုင်ကြီးများ ထွက်လာမလား စိုးရိမ်ရ
တော်ကြာ ကြွက်သိုက်ထဲ ၀င်နေတဲ့ အမြစ်တွေဆွဲထုတ်မိရင်ဘယ်လိုလုပ်မလဲ

နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
သူတို့က ထမ်းထားရတဲ့ တစ်ပင်လုံး ထိန်ဖို့ အာဟာရပဲ လိုက်ရှာနေရတယ်
နက်သထက်နက်အောင် ဆန့်သထက်ဆန့်အောင် ရှည်သထက်ရှည်အောင် တိုးနေရ

နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
မာကျောကျော အုတ်နံရံတွေတွေ့ရင် ကွေ့ဝိုက်သွားနေရတယ်
မသကာ အက်ကြောင်းရာထဲ အမြစ်တွေ လျှိုမိရင် ကိုယ့်အပေါ်ပြိုကျလိုက်မယ်ဖြစ်ခြင်း

နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
မှောင်ကြီးမဲကြီး စမ်းတ၀ါးဝါးနဲ့ ပိုးကောင်တွေလဲရှောင်ရသေး
ဒီကြားထဲ တီကောင်တွေရဲ့ ၀တ်ကျင်းက အမြစ်တွေကြားမှာ လှုပ်လှုပ်ရွရွ

တကယ်တော့
အမြစ်တွေဟာ နှစ်တွေလိုနဲ့
နှစ်တွေဟာ အမြစ်တွေလို



nelay

နေလင်း သေဆုံးခြင်း

နေလင်း သေဆုံးခြင်း



သူတို့တွေကို ကယ်တင်ချင်တာ မဟုတ်ပါဘူးးး ....
ငါရော သူတို့ ရော ဘာမှ မမြင်ရလို့ ...
လက်ထဲ ပါလာတဲ့ မီးခြစ်ကလေးခြစ်လို့
 ... မီးပြ မိတာပါ ....
...... ၀ုန်းးး ဆို
မီးလဲ လင်းလာရော ....
တစ်ယောက်ကို တစ်ယောက် သဲသဲ ကွဲကွဲ ...
မြင်ရတော့မှ ...
ငါ ပြ တဲ့ မီးက ...
လင်းလွန်းလှ ခြည့်ရဲ့ ...
စူးလွန်း ရှလွန်းလှ ခြည့်ရဲ့ ...
ငါ့ အလင်းကို
မုန်းလှခြည့်ရဲ့ ...
ငါ့ အလင်းကို
ရွံလှခြည့်ရဲ့ ....
ငါ့အလင်း က သူတို့ အနာကို
ထိုးလှ ခြည့်ရဲ့ .. စွလှခြည့်ရဲ့ ...
တွင်းထဲမှာ .... ခေါင်နေတဲ့ အနံ့နဲ့ ....
အလင်း ပြ မိတဲ့ ... ငါ့ကို
သူတို့တွေ ၀ိုင်း
သတ် ကြ တယ် ...


nelay

Inspired From
မင်းခိုက်စိုးစန်
ကောင်းကင်နဲ့မလွတ်တဲ့ တောင်ပံတစ်စုံ စာအုပ်မှ
ပရောမီးသယပ်(စ်)သေဆုံးခြင်း