Pages

Saturday, June 15, 2013

အိပ်မက် အနီ

အိပ်မက် အနီ

ငါ့ သူငယ်အိမ်ထဲက ပြာရာ ခတ်နေတဲ့ စိတ်ကို
ငါ့ ငြိမ်းနေတဲ့ မီးနဲ့ အသာ အယာ ပြန် ပြန် သပ် ချ


နိုးမ၀ တဲ့ အိပ်မက် အောက်မှာ
နံနက်ခင်းပေါင်းများစွာကို ကျက်သရေ သုံးမျိုးနဲ့ ပျိုးလာခဲ့တယ်

စိတ်တွေဟာ အိပ်မရလို့ ငါ့ကို လှုပ်နိုး လိုက်သလား
အိပ်မက်ကို စုတ်ထိုး လိုက်တဲ့ ပင့်သက်အရှည်ကြီးက

ကွယ်နေတဲ့ စိတ်ကို တအား ဆွဲ ခွာပစ်လိုက်တော့
နာနေသလား
နာနေသလား
နာနေသလား

ကမ်းနဖူးက အိပ်မက် သစ်အိုပင်အောက်
လှိုင်းကရက်တွေ ထထ နေတဲ့ Tombraider ဂိမ်းကိုပဲ
အပြန်တစ်ရာ ဆော့ဆော့ နေရတယ်

ကျောပြင်ကို ဗျောတင်လိုက်တဲ့ လက်ဝါးတွေအောက်
ရန်ကုန်စာတိုက်ကြီး အနောက်နားမှာ နီရဲနေတဲ့
စာတိုက်ဗုံးတွေ ဆာနေသလား
စာတိုက်ဗုံးတွေ ဆာနေသလား
စာတိုက်ဗုံးတွေ ဆာနေသလား

စိတ်တွေဟာ အိပ်မရလို့ ငါ့ကို လှုပ်နိုးလိုက်တယ်
အခုတော့ ငါ သိပ်ချစ်တဲ့ မြက်ခင်းတွေ
ငါ့ကို ၀ါးကြ
ငါ့ကို ၀ါးကြ
ငါ့ကို ၀ါးကြ


nelay