Pages

Monday, February 20, 2012

ရော့တိရော့ယဲ ပြဿနာ

 

ရော့တိရော့ယဲ ပြဿနာ



ငါ့ကိုမသတ်နိုင်တဲ့ ဇာတ်ကောင်များနဲ့
ငါ့မျက်နှာပေါ်က အလိုမတူပဲ အိမ်ယာဖွဲ့နေတဲ့ မိတ်ကပ်တွေ
ဆံနွယ်ဖျားက ခြေရာမပေါ်တဲ့ ပျက်လုံးတွေ
ရယ်သွင်စူးရှ သူအိုကြီးရဲ့ အယောင်ဆောင်ကျောရိုးတွေ
လက်ဖ၀ါးတွေ ဖိသိပ်လွန်းလို့ ရပ်တန့်သွားတဲ့ အသက်ရှုသံတွေ
သေလွန်မှ အရိုးသြဇာနဲ့ စိုက်ပျိုးအုံးမဲ့ သောက အညွှန့်စုတ်တွေ


သွေးအခြေတွေသုတ်ပြီး သေကြမဲ့လမ်းမှာ
သက်တောင့်သက်သာဖြစ်ဖို့ ရွေးခြယ်လွန်း နေကြပုံက
အသက်ငင်နေတဲ့ သစ်ပင်ကို
ရေးလက်စ ကဗျာတွေ မပြီးသေးခင်
ဆေးထထယူနေရတဲ့ တစ်ဖက်သတ်ခြင်းနဲ့
အစွန်းရောက်ကြည်လင်မှုမျိုးတွေပါပဲ


လက်ချောင်းတွေအောက်က အရေကြောင်းတွေ ငိုနေလွန်းလို့
ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး
ရာသီဥတုလုပ်နေကြတာလဲ


ငါ့ကိုယ်ငါလွမ်းလွန်းလို့ နံရံပေါ်က သမိုင်းတွေစုတ်စုတ်ဖြဲပြီး ထွေးထုတ်
ဘယ်တော့မှ မဟုတ်တော့တဲ့ ‘‘ဟ’’ လုံးကြီးကို
လူနင်ရာ ရပ်ကွက်မှာ အကြီးကြီးထုတ်ပြီး ချိတ်ထားရအုံးမယ်


သိပ်စရာမရှိတော့တဲ့ အိုင်ထဲက ဖားကို
မှုန့်လုံးကြီးတွေပဲ သကြားကပ်ကပ်ပြီး ကြွေးနေရတာ
ငြီးငွေ့လှတယ်လို့ မဆိုသာတော့ပါဘူး


စိတ်ကိုက အပေါက်တွေ ဖေါက်ပြီးသားမို့
ဘယ်လို မိုးတွေ ရွာသွန်းလို့ ပျိုးနေပါစေ
ကြိုးကလေး တစ်ချောင်းနဲ့ နောက်နေတဲ့ ရတုကိုများ
ကိုးခေါက်အော်ပြီး ခါးပုံစ တွေသိပ်ကြပ်လွန်းလို့
သွေးမလျှောက်တော့တဲ့လမ်းတွေပေါ်ပဲ
ဒွိခန္ဓာပရုတ်လုံးကြီးကို ပစ်ပစ်လှဲ ချင်နေတော့တယ် ။




nelay

Thursday, February 9, 2012

ဆီမီးခွက်ပြောက်တဲ့ ညက သေခြင်းကိုတွေ့တယ်




ဆီမီးခွက်ပြောက်တဲ့ ညက သေခြင်းကိုတွေ့တယ်


ငါ့ရဲ့ ကြည်ဆံပြီးတဲ့ အမျိုးသမီး
ပုံပြင်တွေ တီးခတ်ပြီး
ရေသန့်ဘူးကို အခွံနွာနေလိုက်တာ
မျက်လုံးတွေ ပြုတ်ကျလာတဲ့ မိုးတိမ်

သေခြင်းစကားလုံးများကို
စုဗူးထဲက ပြူးပြူးထွက်လာတဲ့
မပြည့်အိုးများနဲ့ မှောက်လိုက် လှန်လိုက်

ပ …. ဇောက် ကွက် ထဲက ကြွေခဲ့တယ်
တင် … ပါး … ပေါ်မှာ သေခဲ့တယ်
ရင် … ဆာ … နေတဲ့ လူ ထဲက … သွေး ပါ
ဆေးထိုးအပ် ပေးလိုက်ကြပါကွာ နားညီးတယ်

မိုး ပက်လက်ပေါ်က Sugar Box ကိုဖွင့်
ဇက်ကြိုး ပြတ်ပေါ်က အလေ နဲ့ အလွင့်ကို
မြန်မြန်လာကြတဲ့ အရပ်မှာ အိပ်မက်တွေ အနှေးမက်
စိတ်ကူးကို ပုံသေ ဂီတနဲ့ ရောယှက်လို့
မင်းသမီး လည်ခက်ပေါ်က သေနေ့ကို အတည်ပြုလိုက်တယ်

စား ပါ .. ၀ါး ပါ … ကြေကြေညက်ညက်
စားပြီးရင် … ၀ါး ရ တယ် ဝေေ၀ခက်ခက်

မပျော်မပါးနဲ့ လက်နက်တွေ နားထဲထိုးထိုးသိမ့်ထည့်
ဆရာဝန် ကပြားမလေးရဲ့ မျိုးချစ်ဆေးများ ရက်လွန်သွေးကြောထဲမှာ
နှင်းဆီတွေကြီး လှိမ့်လှိမ့် ပွင့်လို့မ၀နိုင်တဲ့ ဆောင်းရာသီရဲ့ ခြေသုတ်ခုံကို
ဆယ့်ကိုးလက်မ တီဗီ ကလေးပေါ်မှာ ရုံတင်ပြသလို့ မ၀နိုင်တဲ့ ပိတ်စတွေ

ချစ်သူများနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ကြားက
လင်းတ တွေဆွဲသွားတဲ့ လင်းစွဲ ရက်တွေပေါ်က
ချော့ကလက်တွေကြွေးပြီး မွေးနေရတဲ့ ဒလက စိတ်ဓါတ်တွေ

ရေငုံလို့ မျောလိုက်တဲ့ သစ်ရွက်လှေကလေးပေါ်က
ဘာဘာ ၀ ကို လက်မောင်းပေါ်က ဆီးမီးခွက်နဲ့
စိတ်ဓါတ် ပညာ စည်းပြီးတော့ ကမ်းလိုက်ပါတယ် ။



nelay